All In One Immune Booster Kit (Pacific Nature's)

2,700 Kyats

 All In One Immune Booster Kit (Pacific Nature's)

All In One Immune Booster Kit တွင် ကိုယ်ခံအားကောင်းစေသည့် အားဆေးများဖြစ်သော Pacific Nature's Vita C 500, Pacific Nature's Zinc နှင့် Pacific Nature's Vitamin D3 တစ်ကဒ်စီပါဝင်ပါသည်။ အိတ်ဆောင် package အဖြစ် ခရီးသွားစဉ် နှင့် နေ့စဉ်သောက်သုံးခြင်းအတွက် အလွယ်တကူ အိတ်ထဲထည့်သယ်သွားနိုင်ပါသည်။

Pacific Nature’s Vita-C 500 capsule တစ်လုံးတွင် Vitamin C (Ascorbic acid) (ဗီတာမင် စီ ခေါ် အက်စ်ကောဘစ် အက်ဆစ်) 500 mg ပါ၀င်ပါသည်။ Vitamin C သည် ရေတွင်ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည်။ တွယ်ဆက်တစ်ရှူးများကြံ့ခိုင်မှုနှင့် ဆဲလ်နံရံများ တည်ဆောက်မှုအတွက် အရေးပါသည်။ Antioxidant action (ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ) လည်းရှိသည်။ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင်မြှင့်တင်ပေးပြီး အအေးမိတုပ်ကွေး ဖျားနာခြင်း ကာကွယ် ကုသပေးနိုင်ပါသည် ။

Pacific Nature’s Zinc tablet တစ်လုံးတွင် Zinc Acetate အဖြစ် Zinc ဓာတ် 50 mg ပါ၀င်ပါသည်။ Zinc သည် လူ့ခန္ဓာကိုယ်အတွက် များစွာအကျိုးပြုသော အာနိသင်ရှိကြောင်း ဖော်ပြထားသော အာဟာရဖြည့်စွက်စာ ဖြစ်ပါသည်။ Zinc သည် အအေးမိခြင်း၏ ကြာချိန်ကို တိုစေနိုင်သည်။ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးသည်။ ထို့အပြင် နှလုံးနှင့် သွေးကြောများကျန်းမာရေးကိုလည်း ကောင်းမွန်စေသည်။

Pacific Nature's Vitamin D3 5000IU capsule တစ်လုံးတွင် Vitamin D3 (Cholecalciferol) (ဗီတာမင်ဒီသရီး ခေါ် ကိုလီကယ်လ်ဆီဖီရောလ်) 5000 IU ပါ၀င်ပါသည်။ ဗီတာမင်ဒီလိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် Vitamin D3 အားဆေးဖြစ်သည်။ ကိုယ်ခံစွမ်းအား၊ နှလုံးနှင့် အရိုးကျန်းမာရေးတို့ကောင်းမွန်စေရန် ကူညီပေးနိုင်သော ဖြည့်စွက်အားဆေးတစ်မျိုးဖြစ်သည်။

သုံးစွဲပုံအညွှန်း

ဖြည့်စွက်အားဆေးအဖြစ် လူကြီးများတွင် တစ်နေ့ တစ်လုံး (သို့) ဆရာဝန်၊ ဆေးဝါးပညာရှင် စသောကျန်းမာရေးဆိုင်ရာပညာရှင်များ၏ ညွှန်ကြားချက်အတိုင်းသောက်နိုင်သည်။


In stock

Ascorbic acid (Vitamin C) 500 mg
Zinc (as Zinc Acetate) 50 mg
Cholecalciferol (Vitamin D3) 5000 IU

သတိပြုရန်အချက်များ (Precautions)

Pacific Nature’s Vita-C 500

ဤဆေးတွင် ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။ 

ဗီတာမင်စီကို hyperoxaluria (ဆီးထဲတွင် oxalate ဓာတ်များခြင်း) ရှိသောလူနာများအတွက် မပေးသင့်ပါ။

ကိုယ်ဝန်ဆောင်များ: ဗီတာမင်စီ အတွက် ကိုယ်ဝန်နှင့် ပတ်သက်သော လက်တွေ့ စမ်းသပ်ထားသော အချက်အလက်များမတွေ့ရပါ။ တိရိစ္ဆာန်လေ့လာမှုများတွင်ကိုယ်ဝန်၊ သန္ဓေသားလောင်း၊ သန္ဓေသားဖွံ့ဖြိုးမှု၊ ကလေးမွေးခြင်း သို့မဟုတ် မီးဖွားခြင်းဆိုင်ရာတို့နှင့် တိုက်ရိုက် သက်ဆိုင်သောဆိုးကျိုးများကိုမဖော်ပြထားပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

နို့တိုက်မိခင်များ: ဗီတာမင်စီကို မိခင်နို့မှတစ်ဆင့်လည်း စွန့်ထုတ်သည်။ နို့ရည်မှတစ်ဆင့် စွန့်ထုတ်ခြင်းသည် မွေးကင်းစကလေးငယ်များအတွက် အန္တရာယ်ဖြစ်စေခြင်းကဲ့သို့သော သက်သေအထောက်အထားမရှိပါ။

Pacific Nature’s Zinc tablet

Zinc ဆေးပြားသည် သတ်မှတ်ထားသော ဆေးအချိန်အဆအတွင်း သောက်သုံးပါက ဓာတ်မတည့်မှုများမတွေ့ရှိရသဖြင့် လုံခြုံစိတ်ချစွာသောက်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်နေစဉ်နှင့် နို့တိုက်နေစဉ်၊ အခြားဆေးဝါးများသောက်နေရခြင်း (သို့မဟုတ်) ကျန်းမာရေးအခြေအနေတစ်ခုခုရှိနေပါက ဤဆေးကို အသုံးမပြုမီ ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။ ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာပါက အသုံးပြုမှုကိုရပ်ပြီး ဆရာဝန်နှင့် တိုင်ပင်ပါ။

Pacific Nature's Vitamin D3

ဗီတာမင် D ကို ၎င်း၏သက်ရောက်မှုများ မြင့်တက်ခံစားရနိုင်သော ကလေးငယ်များ၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ရှိခြင်း (သို့) နှလုံးရောဂါရှိသူများတွင် ‌သွေးတွင်းကယ်လ်စီယမ်မြင့်တက်ခြင်းကြောင့် ကိုယ်တွင်းအင်္ဂါပျက်စီးမှုများနိုင်သောကြောင့် သတိပြုသုံးစွဲသင့်ပါသည်။

Vitamin D ကုထုံးပေးနေချိန်အတွင်း ectopic calcification ဖြစ်နိုင်ချေရှိသောကြောင့် သွေးရည်ကြည်ထဲရှိ ဖော့စဖိတ်ဓာတ်ကို ထိန်းထားသင့်ပါသည်။ ဗီတာမင်ဒီ ဆေးဝါးပမာဏသောက်နေရသောလူနာများသည် ၎င်းတို့၏ သွေးတွင်းကယ်လ်စီယမ်ကို အထူးသဖြင့် ဆေးစမသောက်မီအစပိုင်း (သို့မဟုတ်) ဆေးအဆိပ်သင့်သည့်လက္ခဏာများရှိပါက ပုံမှန်အားဖြင့် စစ်ဆေးနေသင့်သည်။

ဗီတာမင် D ဆေးများ သောက်နေရသောမိခင်များမှ နို့တိုက်နေသော မွေးကင်းစကလေးငယ်များတွင်ပါသတိပြုသင့်သည်။