MediBio-Infant Powder (10's)
- Category: ပရိုဘိုင်ရောတစ်
- UOM: Pack of 10's sachets
2,435 Kyats
2,400 Kyats
MediBio-Infant powder
အူလမ်းကြောင်းပုံမှန်ဖြစ်စေသောဆေးဖြစ်ပါသည် ။
ဆေးတွင်ပါဝင်သည့်ပစ္စည်းအမျိုးအမည်များနှင့်ပမာဏ : (Content of Raw Ingredients)
Each 1g contains - ၁ ဂရမ်တွင်ပါဝင်သောအရာများမှာ :
Bacillus subtilis, Streptococcus faecium culture ……… 62.5 mg
(As the number of live-bacterial)Streptococcus faecium culture 2.25 x 108
Bacilus subtilis 0.25 x 108
Thiamine HCl ……………………………………. 0.3 mg
Riboflavin ………………………………………. 0.2 mg
Pyridoxine HCl …………………………………… 0.3 mg တို့ဖြစ်ပါသည် ။
အသုံးပြုနိုင်သောအခြေအနေများ
နို့ဘူးတိုက်နေသော ကလေးငယ်များတွင် အစားအသောက်ပျက်ခြင်း ၊ ဝမ်းဗိုက်ပြည့်ဖောင်းခြင်းစသည့် အူလမ်းကြောင်းဆိုင်ရာပြဿနာများ ၊ ဝမ်းပျက်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ အာဟာရဓါတ်ချို့တဲ့ခြင်း အခြေအနေများတွင်အသုံးပြုနိုင်ပါသည် ။
Dosage and Administration - သုံးစွဲပုံအညွှန်း :
မွေးကင်းစကလေး : ဝ.၅ ဂရမ်
၃ လမှ တစ်နှစ် : ၁ ဂရမ်
၁ နှစ်မှ ၂ နှစ် : ၁.၅ ဂရမ်တစ်နေ့လျှင် ၄ ကြိမ် ရေ ၊ နို့ ၊ ကလေးအစားအစာ နှင့်တကွ တိုက်နိုင်ပါသည် ။

In stock
Bacillus subtilis, Streptococcus faecium culture | 62.5 mg |
(As the number of live-bacterial)Streptococcus faecium culture | 2.25 x 108 |
Bacilus subtilis | 0.25 x 108 |
Thiamine HCl | 0.3 mg |
Riboflavin | 0.2 mg |
Pyridoxine HCL | 0.3 mg |
(Precautions) သတိပြုရန်အချက်များ :
၁ ။ အောက်ပါအခြေအနေများနှင့် လူနာများအတွက်ဆေးအားအသုံးမပြုပါနှင့် - ဤဆေးသည် လက်တို့စ် ပါဝင်သောကြောင့် လက်တို့စ်လက်မခံနိုင်သော အခြေအနေ ရှိသော မျိုးဗီဇလက္ခဏာရှိသူများ လက်တေ့စ်ချို့တဲ့သူများ သို့မဟုတ် ဂလူးကို့စ်-ဂလက်တို့စ် စုပ်ယူမှုချို့ယွင်းနေသူများ မသောက်သုံးသင့်ပါ ။
၂ ။ အောက်ပါလူနာများတွင် ဆေးအားသတိပြု၍ သုံးစွဲရပါမည် ။
(၁) ဆရာဝန်ထံမှ ဆေးကုသမှုခံနေရသောလူနာများ
၃ ။ ယေဘူယျသတိပေးချက်
(၁) သတ်မှတ်ညွှန်ကြားထားသော ဆေးအချိန်အဆအတိုင်းသာ သောက်ရပါမည် ။
(၂) မွေးကင်းစကလေးငယ်များအား တိုက်ကျွေးလိုပါက မိဘ၏ လမ်းညွှန်မှုနှင့်သာ တိုက်ကျွေးရပါမည် ။
(၃) ၁ လကျော်ပြီးနောက် မသက်သာပါက ဆရာဝန်သို့မဟုတ် ဆေးဝါးပညာရှင်နှင့်တိုင်ပင်ပါ ။
၄ ။ ငယ်ရွယ်သော ကလေးများတွင်အသုံးပြုခြင်း ငယ်ရွယ်သော ကလေးများ ( မွေးကင်းစ ) ၃ လအောက်ကလေးများတွင်ဆေးတိုက်မည်ဆိုပါက ဆရာသို့မဟုတ် ဆေးဝါးပညာရှင်နှင့်တိုင်ပင်ရမည်ဖြစ်ပါသည် ။
၅ ။ ထားသို ကိုင်တွယ်ရာတွင် သတိထားရမည့်အချက်များ
(၁) ကလေးများနှင့်ဝေးသောနေရာတွင်သာထားပါ
(၂) စိုထိုင်းသောအခြေအနေနှင့် အလင်းရောင်တိုက်ရိုက်ထိသော နေရာတွင်မထားပါနှင့် ၊ အဖုံးကိုတင်းကြပ်စွာ ဖုံးပြီးအေးမြသောနေရာတွင်ထားပါ ။
(၃) ဆေး၏ အရည်အသွေးကို ထိမ်းသိမ်းရန်နှင့် ဆေးမှားယွင်းအသုံးပြုခြင်းမဖြစ်စေရန်အတွက် ဆေးအား တခြား ဆေးဘူးခွံများတွင် ထည့်သွင်းအသုံးပြုခြင်းမပြုရပါ ။ (Storage and Shelf Life)Direction for storage - ထားသိုသိမ်းဆည်းပုံအညွှွန်း :
Well-closed container, store at room temperature (1-30ºC), 24 months from the date of manufactureတင်းကျပ်စွာဖုံးအုပ်ထားသောဘူးနှင့်ထားပါ ။ အခန်းအပူချိန် ၁-၃၀ ဒီဂရီစင်တီဂရိတ်အတွင်းထားပါ ။
Cautions - သတိပြုရန်အချက်များ :
၁။ ပေါင်ဒါအမှုန့်အတိုင်းသောက်သုံးမည်ဆိုပါက ပေါင်ဒါကို ရေအနည်းငယ်နှင့်ပျော်အောင်ပြုလုပ်၍ ဖြည်းဖြည်းသောက်ရပါမည် ။
၂ ။ ကလေးငယ်၏ အခြေအနေ အရ ဝမ်းသွားခြင်း ၊ပျို့အန်ခြင်း ၊ ဓါတ်မတည့်ခြင်းစသည့် လက္ခဏာများ ဖြစ်စေနိုင်ပါသည် ။ အကယ်၍ ဖြစ်ပေါ်လာပါက လက္ခဏာများ ပျော်ကသည်အထိစောင့်ပြီး ပေါင်ဒါအနည်းငယ်ကို ပြန်သောက်ရပါမည် ။ အကယ်၍ လက္ခဏမပျောက်သေးပါက ဆေးအချိန်အဆကိုဖြည်းဖြည်းချင်းမြှင့်၍ သောက်ရပါမည် ။ ၃ ။ ဤဆေးတွင် များစွာသော ပရိုဘိုင်အိုတစ်နှင့်အာဟာရဓါတ်များပါဝင်ပါသည် ။ ထို့ကြောင့် ဂရုမစိုက်ပဲကွယ်တွယ်ပါက ပိုးမွှားများ နှင့်တခြား ပြင်ပအရာများ ညစ်ပေခြင်းကိုဖြစ်စေနိုင်သည် ။
အောက်ပါတို့ကို သတိပြု၍ လုပ်ဆောင်ရမည် ။ (၁) အသုံးပြုပြီးတိုင်း အဖုံးကို တင်းကြပ်စွာ ပြန်ဖုံး၍ ရေခဲသေတ္တာထဲတွင်သိမ်းဆည်းပါ ။ (၂) ဇွန်းကို ရေနှင့်ဆေးပါ အသုံးပြုပြီးပါက စိုထိုင်းမှုမရှိစေရန်ဖယ်ရှားပါ သန့်ရှင်းသော အနေအထားဖြင့် လုံခြုံသောနေရာတွင်သိမ်းပါ ။