Aloe Vera 5000mg

6,550 Kyats

Aloe Vera 5000mg တစ်လုံးတွင် 5000mg fresh Aloe Vera နှင့်ညီမျှသော Aloe Vera Gel Extract 25mg ပါ၀င်ပါသည်။ 

'Nature's Miracle Plant' သဘာ၀နတ်ဆေးပင်ဟုလည်းလူသိများသော ရှားစောင်းလက်ပတ်ကို ၎င်း၏ ကျယ်ပြန့်စွာ အကျိုးပြုသော ဂုဏ်သတ္တိများကြောင့် ရာစုနှစ်များစွာ ခန္ဓာကိုယ်အတွင်း၌ရော အပြင်ပိုင်းပါ အသုံးပြုလာခဲ့သည်။ အစာအိမ်နဲ့ အူလမ်းကြောင်းကို ညီညွတ်ကျန်းမာအောင် ကူညီပေးပါသည်။

အစာချေဖျက်မှုကိုကူညီပေးခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊ အူလမ်းကြောင်းကျန်းမာစေခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်းစသည်တို့အပြင် လိမ်းဆေးအနေဖြင့်လိမ်းပါက အရေပြားယားယံရောင်ရမ်းခြင်းနှင့် နေလောင်ခြင်းများကို သက်သာစေသည်။

လူကြီးများနှင့် ၁၈ နှစ်အထက်- တစ်ခါသောက် (၁)လုံး တစ်နေ့တစ်ကြိမ် အစာစားပြီးသောက်နိုင်ပါသည်။ လူကြီးများတွင် လိုအပ်ပါက တစ်နေ့ (၂) လုံး အထိ တိုး၍ သောက်နိုင်သည်။ ဆေးလုံးများကို ရေဖြင့်မျိုချ၍သောက်နိုင်သည် (သို့မဟုတ်) ခန္ဓာကိုယ်ပြင်ပအတွက်လည်း အသုံးပြုနိုင်ပါသည်။ ခန္ဓာကိုယ်ပြင်ပတွင်လိမ်းရန် - ဆေးလုံးကိုဖောက်၍ ပါဝင်သည့်ဆေးရည်ကို အရေပြားအတွင်းသို့ စိမ့်ဝင်သွားသည်အထိ နှိပ်နယ်၍လိမ်းနိုင်သည်။


Aloe Vera 5000 mg

သတိပြုရန်အချက်များ (Precautions)

ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ ရောဂါအခံရှိသူများနှင့် ဆေးကုသမှုခံယူနေသူများတွင် ဆရာဝန်နှင့်ဆွေးနွေးပြီးမှ သောက်သင့်ပါသည်။

ကိုယ်ဝန်ဆောင်ရန်ကြိုးပမ်းနေသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် အသုံးမပြုသင့်ပါ။

သတ်မှတ်ထားသည့် ဆေးညွှန်းထက်ကျော်၍ မသောက်သုံးသင့်ပါ။

ဖြည့်စွက်စာအားဆေးများကို အာဟာရစုံလင်မျှတသော ပုံမှန်အစားအသောက်နှင့် နေထိုင်စားသောက်မှုပုံစံ နေရာများတွင် အစားထိုးအနေဖြင့် အသုံးမပြုသင့်ပါ။


ဘေးထွက်ဆိုးကျိုးများ (Side Effects)

သတ်မှတ်ထားသော ဆေးအချိန်အဆအတိုင်းသောက်သုံးပါက ထူးခြားသော ဘေးထွက်ဆိုးကျိုးမရှိပါ။