Terms And Conditions

1. Terms (ချမှတ်ထားသော စည်းကမ်းများ)

ဤ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုခြင်းအားဖြင့် သင်သည် ဤဝက်ဘ်ဆိုက်မှ ချမှတ်ထားသော စည်းမျဉ်း၊ အဓိကစည်းကမ်းချက်များ( Terms and Conditions ) ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ကို လက်ခံသဘောတူညီပြီးဖြစ်သည် ။ ထို့အပြင် သင်သည် ပြည်တွင်းဥပဒေများ ( local laws ) ကိုလည်း လေးစားလိုက်နာရန် တာဝန်ရှိသည်။ အကယ်၍ သင်သည် အသုံးပြုသူ သဘောတူညီချက်ကို သဘောမတူပါက ကျေးဇူပြု၍ ဤ ဝက်ဘ်ဆိုက်နှင့်ချိတ်ဆက်ခြင်း၊ ဖြည့်စွက်မှတ်တမ်းတင်ခြင်းမပြုလုပ်ပါရန် တောင်းဆိုအပ်ပါသည်။ ဤဝက်ဘ်ဆိုက်သည် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ အပေါ်တွင် ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ထပ်ပေါင်းထည့်ခြင်းတို့ကို မိမိသဘောအတိုင်း ပြုလုပ်ခွင့်ရှိပါသည်။ ဤ ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသော ဆေးဝါးနှင့် ဆေးပစ္စည်းများသည် copyright and trademark law ( ပုံတူကူးချခြင်းနှင့် ကိုယ်ပိုင်အမှတ်တံဆိပ်ဆိုင်ရာ ဥပဒေ ) အရ ကာကွယ်ထားပြီးဖြစ်သည် ။

ပြောင်းလဲမှုကိုဝက်ဘ်ဆိုဒ်တင်လိုက်သည့်အချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောင်းလဲမှုကို ဤဝက်ဘ်ဆိုက်က အသိပေးစရာမလိုဘဲ ပြောင်းလဲမှုသည် သက်ရောက်မှုရှိမည်ဖြစ်သည်။ အသစ်ထပ်မံ ပြင်ဆင်လိုက်သော စည်းမျဉ်းစည်းကမ်းများကို ကျေးဇူးပြု၍ ပုံမှန်စစ်ဆေးပေးစေလိုပါသည်။အကယ်၍ သင်သည် အသစ်ထပ်မံပြင်ဆင်ပြီးနောက်ပိုင်း ဤ ဝက်ဘ်ဆိုက်ကိုဆက်လက်သုံးစွဲပါက ထိုပြောင်းလဲမှုများကို လက်ခံသည်ဟု တရားဝင်မှတ်ယူမည်။


2. User License (ခွင့်ပြုချက် လိုင်စင်အား အသုံးပြုခြင်း)

  • ၁ ။ onlineshop.aa.com.mm မှ ဆေးဝါးနှင့်ဆေးပစ္စည်းများ အကြောင်းဖော်ပြချက်များအား ယာယီ Download ဆွဲခြင်းအား စီးပွားရေးအကျိုးစီးပွားအလို့ငှာမဟုတ်ပဲ မိမိကိုယ်ပိုင်ဖတ်ရှုရန်အတွက် တစ်ကြိမ်ကူးယူခွင့် ပြုထားပါသည် ။ ဤအရာသည် လိုင်စင် (ခွင့်ပြုချက်) အတွက်သာဖြစ်ပြီး ပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်း မဟုတ်ပါ။ လိုင်စင် (ခွင့်ပြုချက်)နှင့်ပတ်သက်ပြီး အောက်ပါတို့ကို လုပ်ဆောင်ခွင့်မပြုပါ။
    • - ဆေးနှင့်ဆေးပစ္စည်းများအား မိတ္တူကော်ပီကူးခြင်း နှင့် ထပ်မံမွမ်းမံခြင်း
    • - ဆေးနှင့်ဆေးပစ္စည်းများ၏ သတင်းအချက်အလက်ကို မည်သည့်စီးပွားရေးအတွက်၊သို့မဟုတ် စီးပွားရေးအတွက်မဟုတ်သော ကိစ္စအတွက်ကိုမျှ၊ လူထုအတွင်းချပြရန် ( Public display for commercial or non-commercial ) အတွက် အသုံးပြုခြင်း
    • - AA Medical Products Ltd ၏ E-commerce website ဖြစ်သောာ onlineshop.aa.com.mm တွင်ဖော်ပြထားသည့် ဆေးနှင့်ဆေးပစ္စည်းများ၏ ဖော်ပြချက်များကို နစ်နာစေရန် ရည်ရွယ်၍ လွဲမှားစွာ အသုံးပြုခြင်း
    • - ဆေးနှင့်ဆေးပစ္စည်းများ၏ copyright နှင့် ကုမ္ပဏီမှ ကိုယ်ပိုင်အမည် သင်္ကေတ (proprietary notations ) အား ဖယ်ရှားခြင်း
    • - ဆေးနှင့်ဆေးပစ္စည်းများအား အခြားလူတစ်ယောက် ( သို့မဟုတ် ) အခြား ဆာဗာ (server ) ပေါ်သို့ ကူးပြောင်းခြင်း ၊ ပုံစံတူ (mirror) ပြုလုပ်ခြင်း

  • ၂ ။ သင့်အနေဖြင့် ကျွန်ုပ်တို့ ချမှတ်ထားသော ကန့်သတ်ချက်များ နှင့် စည်းမျဉ်းများကို ဖောက်ဖျက်ပါက ဤခွင့်ပြုချက်သည် အချိန်မရွေး အလိုအလျောက်ပျက်ပျယ်ပါသည် ။ ဆေးနှင့်ဆေးပစ္စည်းများအား ဝင်ရောက် ကြည့်ရှုလေ့လာ ဝယ်ယူခွင့်ပျက်သည့်အခါ သင်ကူးယူထားသော အချက်အလက်များနှင့် ဆေးအကြောင်များကို ဖျက်ဆီးရမည်ဖြစ်ပြီး မည်သည့်အခြားအီလက်ထရောနစ်ပစ္စည်းများနှင့် ကူးယူထားခြင်းများ ပုံနှိပ် print ထုတ်ထားခြင်းများကိုလည်း ဖျက်ဆီးရမည် ။

3 . Disclaimer (မသက်ဆိုင်ကြောင်းငြင်းဆိုခြင်း)

onlineshop.aa.com.mm တွင်ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများသည် ဆရာဝန်ညွှန်ကြားချက်မရှိပဲ သောက်၍ ရသောဆေးများ ( Over The Counter - OTC medicine ) များရှိသကဲ့သို့ ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်ရသော ဆေးများ ( Prescription Only Medicine - POM ) များလည်းရှိသည် ။ မည်သည့်ဆေးမဆို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူညွှန်ကြားချက်အတိုင်း သောက်သုံးရန်လိုပြီး အကယ်၍ သင့်သဘောအလျောက် ဆေးများသောက်သုံးခြင်း ( သို့မဟုတ် ) ဆေးပစ္စည်းများ အသုးပြုခြင်းကြောင့် အကြောင်းတစုံတရာဖြစ်ပေါ်လာပါက ကျွန်ုပ်တို့တွင်တာဝန်မရှိပါ ။ ဤ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများအား အာမခံပေးခြင်း ၊ ဖော်ပြခြင်း ၊ သွယ်ဝိုက်ညွှန်းဆိုခြင်းများအား ဤ နေရာတွင် ကျွန်ုပ်တို့အနေဖြင့်မသက်ဆိုင်ကြောင်း ငြင်းဆိုသည့်အပြင် အခြားသော အာမခံချက်များနှင့် သွယ်ဝိုက်အာမခံခြင်းများ သို့မဟုတ် ကုန်သွယ်ရပ်ဆိုင်ရာ လုပ်နည်းအခြေအနေများ ၊ သီးခြား ရည်ရွယ်ချက်အတွက် ချုပ်ကိုင်ခြင်းများ သို့မဟုတ် ကျွန်ုပ်တို့၏ မှန်ကန်ချက်အား ချိုးဖောက်ခြင်း သို့မဟုတ် အသိဉာဏ်ဆိုင်ရာ ပိုင်ဆိုင်မှုအား အလွဲသုံးစားလုပ်ခြင်းများအား ကျွန်ုပ်တို့နှင့်မသက်ဆိုင်ကြောင်း အတိအလင်းငြင်းဆိုပါသည် ။ ထို့အပြင် onlineshop.aa.com.mm သည် မှန်ကန်တိကျမှု ၊ အဖြေများ ၊ ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများအပြင် ဤဝက်ဘ်ဆိုက်နှင့် link ( ဆက်နွယ်နေသော ) အခြားအင်တာနက်ပေါ်ရှိနေရာများတွင် ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကို ယုံကြည်စွာသုံးစွဲနိုင်ခြင်းစသော ကိုယ်စားပြုချက်များသို့မဟုတ် အာမခံချက် များအား ပြုလုပ်ထားခြင်းမရှိပါ ။


4 . Limitation (ကန့်သတ်ခြင်း)

onlineshop.aa.com.mm သို့မဟုတ် ၎င်းနှင့်ဆက်နွယ်နေသော suppliers များသည် အကြောင်းတစုံတရာကြောင့် ဖြစ်ပေါ်လာသော( အချက်အလက်ပျောက်ဆုံးခြင်းကြောင့်ဖြစ်စေ၊ အမြတ်အစွန်းဆုံးရှုံးခြင်းကြောင့်ဖြစ်စေ၊ လုပ်ငန်းဆိုင်းငံ့ခြင်းကြောင့်ဖြစ်စေ၊ နစ်နာဆုံးရှုံးမှုတို့အကန့်အသတ်မရှိပါဝင်သည်။) onlineshop.aa.com.mm တွင်ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများအား အသုံးပြုနိုင်ခြင်း၊ သို့မဟုတ် အသုံးမပြုနိုင်ခြင်း များဖြစ်ပေါ်လာပါက onlineshop.aa.com.mm ၏ တရားဝင်ပိုင်ဆိုင်ကိုယ်စားပြုသူ ( authorized representative ) အား နှုတ်အားဖြင့် အကြောင်းကြားခြင်း သို့မဟုတ် အဆိုပါ ပျက်စီးမှုအား တင်ပြသည့်တိုင်အောင် လျော်ကြေးပေးရန် တာဝန်မရှိပါ။ အဘယ်ကြောင့်ဆိုသော် အချို့သောတရားစီရင်ပိုင်ခွင့်နယ်နိမိတ်များတွင် ယူဆအပ်သော အာမခံခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးမှု၏ အကျိုးဆက် (သို့) မတော်တဆပျက်စီးမှုများ ကန့်သတ်ခြင်းအားခွင့်မပြုထားသောကြောင့်ဖြစ်၍ ကန့်သတ်ချက်များသည် သင့်အပေါ်အကျိုးသက်ရောက်မှု မရှိနိုင်သောကြောင့် ဖြစ်သည်။


5 . Revisions and Errata (စီစဉ်တည်းဖြတ်ခြင်းနှင့်အမှားပြင်ဆင်ချက်)

onlineshop.aa.com.mm တွင်ဖော်ပြထားသောဆေးနှင့်ဆေးပစ္စည်းများတွင် နည်းပညာအမှားများ၊ စာလုံးပေါင်းအမှားများ ၊ ဓာတ်ပုံပိုင်းဆိုင်ရာအမှားများ ပါဝင်နိုင်ပါသည် ။ ထို့ကြောင့် onlineshop.aa.com.mm အနေဖြင့် ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသော အကြောင်းအရာများအား မှန်ကန်ခြင်း ၊ ပြည့်စုံခြင်း နှင့် လတ်တလောအခြေအနေနှင့် ကိုက်ညီခြင်းစသော အာမခံချက်များမပေးထားပါ ။ onlineshop.aa.com.mm အနေဖြင့် ဝက်ဘ်ဆိုက်တွင်ရှိသော အကြောင်းအရာများအား မည်သည့်အခြေအနေတွင်မဆို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ပြင်ဆင်ပိုင်ခွင့်ရှိသည် ။ ထို့အပြင် onlineshop.aa.com.mm အနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများအား update ပြုလုပ်ရန် ဖြည့်စွက်ချက်များအားလည်း ပြင်ဆင်ပါမည် ။


6 . Links ( လင့်(ခ်)များ )

onlineshop.aa.com.mm သည် အင်တာနက်ဝက်ဘ်ဆိုက်ပေါ်ရှိလင့်များအား ပြန်လည်ဆန်းစစ်ထားခြင်း မရှိသောကြောင့် အဆိုပါ လင့်(ခ်)များနှင့်ဆက်နွယ်နေသော linked site နေရာများရှိ အကြောင်းအရာများအား တာဝန်မယူပါ ။ မည်သည့် လင့်(ခ်) မဆို onlineshop.aa.com.mm မှ သွယ်ဝိုက်၍ ထောက်ခံခြင်းမပြုလုပ်ထားပါ။ အကယ်၍ အဆိုပါ လင့်(ခ်)ဝက်ဘ်ဆိုက် Linked website များအသုံးပြုခြင်းသည် သုံးစွဲသူ၏ တာဝန်သာဖြစ်သည် ။


7. Site Terms of Use Modifications ( မွမ်းမံချက်များ အသုံးပြုခြင်းအတွက်စည်းမျဉ်းများ )

onlineshop.aa.com.mmသည် ဝက်ဘ်ဆိုက်အတွက် ချမှတ်ထားသောစည်းမျဉ်းများအား ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြင်ဆင်နိုင်သည် ။ ဤ ဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းဖြင့် သင်သည် လတ်တလောချမှတ်ထားသောစည်းမျဉ်းများနှင့် အသုံးပြုခြင်းဆိုင်ရာ အခြေအနေများအား သဘောတူညီပြီး ဖြစ်သည် ။


8 . Governing Law (သက်ဆိုင်သည့်ဥပဒေ )

onlineshop.aa.com.mm နှင့်ဆက်နွယ်သော နစ်နာကြေး သို့မဟုတ် အာမခံလျော်ကြေးကိစ္စရပ်မှန်သမျှသည် အခြားဥပဒေများနှင့်ကွဲလွဲဆန့်ကျင်ခြင်းကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဥပဒေနှင့်သာသက်ဆိုင်စေရမည်။


9. Out-of-State Taxes ( နိုင်ငံပြင်ပကုန်သွယ်ခွန်များ )

onlineshop.aa.com.mm ၏ ဝယ်ယူသူများသည် မြန်မာနိုင်ငံပြည်တွင်းနှင့် ပြည်ပတို့၏ သက်ဆိုင်ရာပို့ငွေအခွန် ဥပဒေ ( local and state tax remittance laws ) အတိုင်းတာဝန်ရှိသည်။


10. Typographical Errors ( စာလုံးပေါင်း စာရိုက် အမှားများ )

စာလုံးပေါင်း (typing ) အမှားကြောင့်ဖြစ်သော ပစ္စည်းတစ်ခု၏ သတင်းအချက်အလက်မမှန်ကန်ခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ခြင်း ဖြစ်ရပ် ( သို့မဟုတ် ) suppliers မှ ရရှိသော အချက်အလက်များနှင့် ဈေးနှုန်းတွင်မှားယွင်းခြင်းအတွက် onlineshop.aa.com.mm မှ ငြင်းဆိုပိုင်ခွင့် သို့မဟုတ် မမှန်ကန်သောဈေးနှုန်း နှင့်တင်ထားသော မှာယူမှု ( orders ) များအား ငြင်းဆိုပိုင်ခွင့် ( သို့မဟုတ် ) ပယ်ဖျက်ပိုင်ခွင့်ရှိသည် ။ onlineshop.aa.com.mm သည် အဆိုပါ မှာယူမှု ( orders ) များအတွက် မှာယူမှု ခိုင်မာသည်ဖြစ်စေ credit card မှ ငွေဖြတ်တောက်ခြင်းရှိသည်ဖြစ်စေ ငြင်းဆိုပိုင်ခွင့် ( သို့မဟုတ် ) ပယ်ဖျက်ပိုင်ခွင့်ရှိသည် ။ အကယ်၍ သင်၏ credit card မှ ငွေဖြတ်ယူထားပြီး order အား ပယ်ဖျက်ခြင်းရှိပါက onlineshop.aa.com.mmမှ အမြန်ဆုံး သင်၏ အကောင့် ( card account ) ထဲသို့ ပြန်လည်ထည့်သွင်းပေးသွားမည် ။


အထက်ပါအချက်အလက်များသည် onlineshop.aa.com.mm ကို အသုံးပြုရန်အတွက် စည်းမျဉ်းနှင့်အဓိကစည်းကမ်းများဖြစ်သည် ။