Belafcap (3x10's)

26,650 Kyats

အမြင်အာရုံအတွက် လိုအပ်သော ဗီတာမင် အေ၊ အသားအရည်နှင့် သွေးအားကောင်းစေသော ဗီတာမင် အီး၊ ကိုယ်ခံစွမ်းအားအတွက် ဗီတာမင် စီ၊ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိသော ဗီတာမင် ၃မျိုးနှင့် ဆီလီနီယမ် ပေါင်းစပ် ပါဝင်သည်။

အရွယ်တင် နုပျိုစေရန်၊ ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးရန် သောက်သုံးနိုင်သည် ။

တစ်ခါသောက် တစ်တောင့်၊ တစ်နေ့ ၁ ကြိမ်၊ အစာစားပြီးသောက်နိုင်ပါသည် (သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည် ။

Beta Carotene 15mg
Selenium 50mcg
Alpha- Tocopherol (Vitamin E) 400IU
Vitamin C 500mg

ထားသိုသိမ်းဆည်းပုံအညွှန်း အလင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်း မှရှောင်ပြီး အေမြသော နေရာတွင်ထားပါ ။

၃၀ ဒီဂရီစင်တီဂရိတ်အောက်တွင်ထားပါ ။

ကြိုတင်သတိပေးချက်

၁ ။ အောက်ပါအခြေအနေများတွင် ဂရုစိုက်၍ သောက်သုံးပါ

• အမျိုးအစားတူဓါတ်ပစ္စည်းများပါဝင်သော အခြားဆေးများသောက်နေသော လူနာများ

• ကိုယ်ဝန်ဆောင်သည်နှင့် ကိုယ်ဝန်ဆောင်သည်ဟု သံသယရှိသောလူနာများ ၊ နို့တိုက်မိခင်များ

၂ ။ ယေဘူယျသတိပေးချက်များ

• သတ်မှတ်ဆေးညွှန်းအတိုင်းသာသောက်သုံးပါ ။

• Selenium ၏ သတ်မှတ်ဆေးညွှန်းမှာ လူကြီးအတွက် 75-150 မိုက်ခရိုဂရမ်ဖြစ်သည် ။

အကယ်၍ 200 မိုက်ခရိုဂရမ်ထက်ကျော်ပါက ဆေးအဆိပ်သင့်ခြင်းဖြစ်နိုင်သည် ။

ထို့ကြောင့် တစ်နေ့လျှင် selenium 200 မိုက်ခရိုဂရမ် ထက်ကျော်၍ မသောက်ရပါ ။

• အကယ်၍ ကာလကြာရှည်စွာ စွဲသောက်ပါက ဆေးယဉ်ပါးမှုဖြစ်စေနိုင်ပြီး သာမန်ထက်လျော့နည်း၍သောက်ပါက ဓါတ်ချို့ယွင်းမှု လက္ခဏာများဖြစ်စေနိုင်သည် ။

• ဗီတာမင်စီကို ဆေးအချိန်အဆ များစွာသောက်သုံးပါက Hyperoxaluria ( ဆီးထဲတွင် oxalate ဟုခေါ်သော ဓါတ်ပစ္စည်းများ များနေခြင်း ) ဖြစ်စေနိုင်သည် ။

• ဘီတာကိုရိုတင်း အား တစ်မျိုးတည်းဖြစ်စေ (သို့မဟုတ် ) အခြား ဓါတ်တိုးဆန့်ကျင်ပစ္စည်းများနှင့်ဖြစ်စေတွဲသောက်ပါက သေဆုံးမှုနှုန်းမြင့်တက်စေပါသည်။

ဓါတ်မတည့်ကြောင်းဖော်ပြချက်

• ဤဆေးတွင်ပါဝင်သော အရာများအား ဓါတ်မတည့်မှုဖြစ်တတ်သော လူနာများ မသောက်သုံးသင့်ပါ ။

• G6PD ဓါတ်ချို့တဲ့သော လူနာများ ၊ ဆီးကျောက်တည်ဖူးသောလူနာများ ၊ ဆီးထဲတွင် oxalate ဓါတ်များနေသောသူများ နှင့် သာလက်စီးမီးယား သွေးရောဂါဖြစ်သူများ တွင် ဗီတာမင်စီ တစ်နေ့ ၁ ဂရမ်ထက်ပိုမသောက်ရပါ ။

• ဗီတာမင် အေ ပိုလျှံသောအခြေအနေရှိလူနာများမသောက်သင့်ပါ ။