Pacific-AA Online Shop | Decavitamin Detail
-5% Decavitamin

Decavitamin

9,900 Kyats 9,405 Kyats

"ဆယ်မျိုးစွမ်းအင် ဒက်ကာဗိုက်တာမင်"
• Decavitamin အားဆေးတွင် ဗီတာမင်များ စုံလင်စွာပါရှိသောကြောင့် အဆိုပါ ဗီတာမင်များကို ဖြည့်စွက် သောက်လိုသူများ၊ ကိုယ်ရောစိတ်ပါ ကျန်းမာလိုသူများအတွက် အထူးသင့်လျော်ပါတယ်။

• ကိုယ်ခံအားကျဆင်းခြင်း၊လန်းဆန်းတက်ကြွမှုမရှိခြင်း၊စိတ်ပိုင်းဆိုင်ရာ ကြံ့ခံမှုမရှိခြင်းတို့အတွက် ကောင်းမွန်စေပါတယ်။

• ဗီတာမင်-အေ၊B1,B2,B6,B12,ကယ်စီရမ်နဲ့ဖောလစ်အက်စစ်တို့ပါဝင်သောကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကို အကောင်းဆုံးစွမ်းအင်ရရှိမှာဖြစ်ပါတယ်။ 

• တစ်ခါသောက် တစ်လုံး၊ တစ်နေ့ တစ်ကြိမ် သောက်နိုင်သည် ( သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည်။
  
 
Promotion Period: 30-06-2026 to 05-07-2026
🤎 Decavitamin ရဲ့ Pay Day အထူး Promotion 🤎 မိုးရာသီမှာ ဖြစ်လေ့ရှိတဲ့ အအေးမိ,တုပ်ကွေးဖျားနာ တာတွေမဖြစ်အောင် Vitamin (10)မျိုးတောင် ပါဝင်တဲ့ Decavitamin (ဒက်ကာဗိုက်တာမင်)အားဆေး ကို တစ်နေ့ (၁)လုံးပုံမှန် သောက်ပေးဖို့ လိုပါတယ်.. Decavitamin ကို အထူး Promotion နဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ ပေးထားတဲ့ link (သို့) page messenger မှာ 30th June to 5th July အတွင်း မှာယူပါက Decavitamin (ဒက်ကာဗိုက်တာမင်) တစ်ဘူးဝယ်တိုင်း 5% Discount နဲ့ ရရှိမှာဖြစ်ပြီး account တစ်ခု(သို့) လိပ်စာတူ တစ်ခု မှာ အများဆုံး (5)ဘူးထိ ဝယ်ယူခွင့် ရှိပါတယ် ရှင်.. …👏👏👏 အားအင်အပြည့်နဲ့ နေ့သစ်တွေကို ဖြတ်သန်းနိုင်ဖို့ ဆယ်မျိုးစွမ်းအင် ဒက်ကာဗိုက်တာမင် အားဆေးကို တစ်နေ့ (၁) လုံး ပုံမှန် သောက်ကြစို့…. Stock အရေအတွက် ကန့်သတ်ထားတာမို့ အမြန်ဆုံးဝယ်ယူဖို့တော့ လိုပါမယ်နော်…

Vitamin A 4,000 IU
Vitamin B1 2 mg
Vitamin B2 2 mg
Vitamin B6 2 mg
Vitamin B 12 5 ug
Vitamin C 70 mg
Vitamin D2 400 IU
Vitamin E 15 mg
Folic acid 100 ug
Nicotinamide 20 mg
Calcium pantothenate 10 mg

ထားသိုသိမ်းဆည်းပုံအညွှန်း
လေလုံသော ဘူးနှင့်ထည့်ရမည် ။  အခန်းအပူချိန်တွင်ထားပါ ။


ကြိုတင်သတိပေးချက် နှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်

၁ ။ အောက်ပါလူနာများသည် ဆေးမသောက်ခင် ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်တိုင်ပင်ရန်လိုပါသည် ။
•    ၁ နှစ်အောက်ကလေးငယ်များ
•    ဆရာဝန်မှညွှန်ကြားထားသော ဆေးသောက်နေရသူများ
၂ ။ သတိထားရမည့်အချက်များ
•    သတ်မှတ်ထားသော ဆေးအညွှန်းအတိုင်းသာ သောက်သုံးရမည် ။
•    ကလေးငယ်များသောက်လိုပါက ကြီးကြပ်သူ၏ စီစဉ်ညွှန်ကြားမှုဖြင့်သာသောက်ရမည် ။
၃။ ထားသို ကိုင်တွယ်ရာတွင် သတိထားရမည့်အချက်များ
•    ကလေးငယ်များ နှင့်ဝေးသောနေရာတွင်ထားပါ ။
•    အေးမြ ခြောက်သွေ့ပြီး အလင်းမရှိသော နေရာတွင် သိမ်းပါ ။
•    ဆေးမှားအသုံးပြုခြင်းမဖြစ်စေရန်နှင့် အရည်အသွေး ကို ထိမ်းသိမ်းရန်အတွက် အခြားဆေးဘူးနှင့်ထည့်၍ သိမ်းခြင်း မပြုလုပ်ပါနှင့် ။
သတိပေးချက်
ကိုယ်ဝန်ဆောင်သည်များတွင် ဗီတာမင်အေ ကို တစ်နေ့လျှင် 5,000 IU ထက်ပိုသောက်ခြင်းအားရှောင်ကြဉ်ရမည် ။ သန္ဓေသားအားထိခိုက်နိုင်သောကြောင့်ဖြစ်သည် ။ ဗီတာမင်အေချို့ယွင်းနေသော လူနာများတွင်မူ ချွင်းချက်အနေဖြင့်သောက်နိုင်ပါသည် ။