Pacific-AA Online Shop | DHA 200 Detail

DHA 200

DHA 200

Pacific Nature's DHA 200 capsule တစ်လုံးတွင် Crypthecodinium Cohnii Oil USP 200mg (DHA 40%) ပါ၀င်ပါသည်။

Crypthecodinium Cohnii ဟုခေါ်သော ရေမှော်ပင်တစ်မျိုး၏ အဆီမှထုတ်လုပ်ထားသော DHA ဖြည့်စွက် အားဆေးဖြစ်သည်။ အပင်မှရသောကြောင့် သတ်သတ်လွတ်စားသူများအတွက် သင့်လျော်ပါသည်။ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် လုပ်ငန်းဆောင်တာများ၊ မျက်စိကျန်းမာရေး နှင့် ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားဖွံ့ဖြိုးမှုတို့အတွက် အထောက်အကူပြုသော DHA အားဆေးဖြစ်သည်။

သုံးစွဲပုံအညွှန်း

ဖြည့်စွက်အားဆေးအဖြစ် တစ်နေ့ တစ်လုံး (သို့) ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်နိုင်သည်။

ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Crypthecodinium Cohnii Oil USP (DHA 40%) 200 mg

သတိပြုရန်အချက်များ (Precautions)

ကျန်းမာရေးအခြေအနေတစ်ခုခုရှိပါက သို့မဟုတ် ဆေးဝါးတစ်ခုခုသောက်နေပါက DHA ဖြည့်စွက်အားဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါသည်။

ဘေးထွက်ဆိုးကျိုးများ (Side Effects) 

ဝမ်းဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာမကြေခြင်း၊ လေပွခြင်း၊ ပျို့အန်ခြင်း စသည်တို့ဖြစ်တတ်ပါသည်။

ထားသိုသိမ်းဆည်းပုံအညွှန်း (Storage)

အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက်တွင်ထားပါ။ အလင်းရောင်နှင့် အစိုဓာတ်တို့မှ ကာကွယ်ပါ။ ကလေးများနှင့်ဝေးသောနေရာတွင်ထားပါ။