Evening Silver
- Category: လူကြီးအားဆေးများ
- UOM: Box of 3x10's Soft Capsule
- Evening Primrose Oil (EPO) တွင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သော ဖက်တီးအက်ဆစ် (EFAs)၊ အထူးသဖြင့် gamma-linolenic acid (GLA၊ 7-10%) မြင့်မားစွာပါသည်။
- Evening Primrose Oil ကို အမျိုးသမီးများ ဓမ္မတာမလာမီ ဖြစ်လေ့ရှိသောရောဂါလက္ခဏာများ (PMS)၊ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းများ၊ ရင်သားနာကျင်ခြင်းနှင့် မပြင်းထန်သောရင်သားရောဂါများအတွက် သောက်သုံးနိုင်ပါသည်။
- ဟော်မုန်းမညီမျှခြင်းများကိုလည်း ထိန်းညှိပေးသောကြောင့် အမျိုးသမီးများ သွေးဆုံးကိုင်ချိန် ခံစားရသော ရောဂါလက္ခဏာများကိုလည်း သက်သာစေသည်။
- Anti-inflammatory action လည်းရှိသောကြောင့် အရေပြား/အဆစ်ရောင်ရမ်းခြင်း များအတွက်လည်း အသုံးဝင်သည်။
- တစ်နေ့တစ်လုံးသောက်ခြင်းဖြင့် အရေပြား၊ ဆံပင်နှင့် လက်သည်းများကိုလည်း လှပစိုပြည်ကျန်းမာစေသည်။
- လူကြီး တစ်ခါသောက် (၁)လုံး တစ်နေ့လျှင် (၁)ကြိမ် (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်နိုင်သည်။
ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။
Evening Primerose Oil | 500 mg |
Total Omega-6 Fatty Acids | 410mg |
သတိပြုရန်အချက်များ (Precautions)
ယခင်က ဤဆေးသည် စိတ်ကဆင့်ကလျားရောဂါရှိသူများတွင် အသုံးမပြုသင့်သောဆေးဖြစ်သည်။ သို့သော် မကြာသေးမီအချိန်က လက်တွေ့စမ်းသပ်မှုများအရ စိတ်ကဆင့်ကလျားရောဂါရှိသူများတွင် ဤဆေးသောက်ခြင်းကြောင့် အကျိုးသက်ရောက်မှုကိုသော်လည်းကောင်း ဘေးထွက်ဆိုးကျိုးများ ကိုသော်လည်းကောင်း ရှင်းရှင်းလင်းလင်း မတွေ့ရှိရပါ။
Linolenic acid, GLA and DGLA တို့သည် မိခင်နို့တွင်ပါဝင်သော အဓိကပစ္စည်းများဖြစ်သောကြောင့် နို့တိုက်နေသည့်ကာလအတွင်း evening primerose oil ကိုသောက်သုံးနေခြင်းရှိမရှိ သတိပြုသင့်ပါသည်။ WHO ညွှန်ကြားချက်အရ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များသည် မရှိမဖြစ်လိုအပ်သော fatty acid များကို နေ့စဉ် စုစုပေါင်းကယ်လိုရီစားသုံးမှု၏ ၅ ရာခိုင်နှုန်းရရှိသင့်သည်။
ဘေးထွက်ဆိုးကျိုးများ (Side Effects)
သတ်မှတ်ထားသော ဆေးအချိန်အဆအတိုင်းသောက်သုံးပါက ထူးခြားသော ဘေးထွက်ဆိုးကျိုးမရှိပါ။
ဆေးအလွန်အကျွံသုံးစွဲမိပါက ဝမ်းပျော့ပျော့သွားခြင်းနှင့် ဗိုက်နာခြင်းတို့ ဖြစ်နိုင်ပါသည်။