Pacific-AA Online Shop | Evening Silver Detail
-10% Evening Silver
-10% Evening Silver
-10% Evening Silver

Evening Silver

13,493 Kyats 12,143 Kyats

ယခုစျေးနှုန်းသည် Commercial Tax (5%) ပါဝင်ပီးဖြစ်ပါသည်

  • Evening Primrose Oil (EPO) တွင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သော ဖက်တီးအက်ဆစ် (EFAs)၊ အထူးသဖြင့် gamma-linolenic acid (GLA၊ 7-10%) မြင့်မားစွာပါသည်။
  • Evening Primrose Oil ကို အမျိုးသမီးများ ဓမ္မတာမလာမီ ဖြစ်လေ့ရှိသောရောဂါလက္ခဏာများ (PMS)၊ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းများ၊ ရင်သားနာကျင်ခြင်းနှင့် မပြင်းထန်သောရင်သားရောဂါများအတွက် သောက်သုံးနိုင်ပါသည်။
  • ဟော်မုန်းမညီမျှခြင်းများကိုလည်း ထိန်းညှိပေးသောကြောင့် အမျိုးသမီးများ သွေးဆုံးကိုင်ချိန် ခံစားရသော ရောဂါလက္ခဏာများကိုလည်း သက်သာစေသည်။
  • Anti-inflammatory action လည်းရှိသောကြောင့် အရေပြား/အဆစ်ရောင်ရမ်းခြင်း များအတွက်လည်း အသုံးဝင်သည်။
  • တစ်နေ့တစ်လုံးသောက်ခြင်းဖြင့် အရေပြား၊ ဆံပင်နှင့် လက်သည်းများကိုလည်း လှပစိုပြည်ကျန်းမာစေသည်။
  • လူကြီး တစ်ခါသောက် (၁)လုံး တစ်နေ့လျှင် (၁)ကြိမ် (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်နိုင်သည်။


Promotion Period: 09-02-2026 to 13-02-2026
သိပြီးပြီလား? ဒီတရုတ်နှစ်သစ်ကူးကာလမှာ အရွယ်သုံးပါးမိန်းမသားဝေဒနာတွေ သက်သာလျော့ပါးစေတဲ့ Evening Silver အားဆေးကို ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်မယ့် အွန်လိုင်းပရိုမိုးရှင်း ရှိနေတယ်နော်။ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ Evening Silver တစ်ဘူးဝယ် တိုင်း ▸10% Discount ခံစားခွင့် မူလဈေးနှုန်း ▸၁၃၄၉၃ ကျပ် ❌ ပရိုမိုးရှင်းဈေးနှုန်း ▸ ၁၂၁၄၃ ✔ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ [ပရိုမိုးရှင်းကာလ] ❝၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် မှ ၁၃ ရက် အထိ❞ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀ 📌 တစ်ဦးလျှင်ဝယ်ယူနိုင်မယ့်အရေအတွက် (၄) ဘူးသာ။ 📌 ရောင်းချသွားမယ့် Stock အရေအတွက်ကို ကန့်သတ်ထားတာကြောင့် အွန်လိုင်းကနေ အခုပဲ မြန်မြန်လေးမှာလိုက်တော့နော်။

Evening Primerose Oil 500 mg
Total Omega-6 Fatty Acids 410mg

သတိပြုရန်အချက်များ (Precautions)

 ယခင်က ဤဆေးသည် စိတ်ကဆင့်ကလျားရောဂါရှိသူများတွင် အသုံးမပြုသင့်သောဆေးဖြစ်သည်။ သို့သော် မကြာသေးမီအချိန်က လက်တွေ့စမ်းသပ်မှုများအရ စိတ်ကဆင့်ကလျားရောဂါရှိသူများတွင် ဤဆေးသောက်ခြင်းကြောင့် အကျိုးသက်ရောက်မှုကိုသော်လည်းကောင်း ဘေးထွက်ဆိုးကျိုးများ ကိုသော်လည်းကောင်း ရှင်းရှင်းလင်းလင်း မတွေ့ရှိရပါ။

 Linolenic acid, GLA and DGLA တို့သည် မိခင်နို့တွင်ပါဝင်သော အဓိကပစ္စည်းများဖြစ်သောကြောင့် နို့တိုက်နေသည့်ကာလအတွင်း evening primerose oil ကိုသောက်သုံးနေခြင်းရှိမရှိ သတိပြုသင့်ပါသည်။ WHO ညွှန်ကြားချက်အရ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များသည် မရှိမဖြစ်လိုအပ်သော fatty acid များကို နေ့စဉ် စုစုပေါင်းကယ်လိုရီစားသုံးမှု၏ ၅ ရာခိုင်နှုန်းရရှိသင့်သည်။

ဘေးထွက်ဆိုးကျိုးများ (Side Effects)

 သတ်မှတ်ထားသော ဆေးအချိန်အဆအတိုင်းသောက်သုံးပါက ထူးခြားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

 ဆေးအလွန်အကျွံသုံးစွဲမိပါက ဝမ်းပျော့ပျော့သွားခြင်းနှင့် ဗိုက်နာခြင်းတို့ ဖြစ်နိုင်ပါသည်။