Feropac
- Category: လူကြီးအားဆေးများ
- UOM: Box of 3 x 10 's Soft Capsule
8,870 Kyats
♥ "သွေးအားပြည့်၀ လှပကြည်နူး ဖယ်ရိုပက် ကျေးဇူး"
♥ သွေးအားကောင်းစေ သော သံဓာတ်၊ သွေးဆဲလ်များ ဖွံ့ဖြိုးစေရန် ဖောလစ် အက်ဆစ်၊ သွေးနီဥ တည်ဆောက်ရာတွင် အရေးပါသော ဗီတာမင် ဘီတွဲလ် တို့ အချိုးညီစွာ ပေါင်းစပ်ပါဝင်သည်။
♥ အမျိုးသမီးများ လစဉ် ဓမ္မတာ ကြောင့် သွေးအားနည်းခြင်း သံဓါတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းအပြင် သွေးဆုံးရှုံးမှုများသော ရောဂါများကြောင့် သွေးအားနည်းခြင်းတို့အတွက် သံဓါတ် ပြန်လည်ဖြည့်တင်းပေးသော အားဆေးဖြစ်ပါသည် ။
♥ တစ်နေ့ တစ်လုံးသောက် နိုင်ပါသည် (သို့မဟုတ် ) ဆရာဝန် ညွှန်သည့် အတိုင်းသောက်နိုင်ပါသည်။
Ferrous Fumarate | 162 mg |
Folic acid | 0.75mg |
Cyanocobalamin | 10 mcg |
ထားသိုသိမ်းဆည်းပုံအညွှန်း
အခန်းအပူအချိန်တွင် ထားပါ ။ တင်းကျပ် သေချာစွာ ပိတ်၍သိမ်းဆည်းရမည် ။ အလင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ ။
ကြိုတင်သတိပေးချက်
အသက် (၆) နှစ်အောက်ကလေးငယ်များ သံဓါတ်ပါဝင်သော ဆေးများကို မတော်တဆ ဆေးအချိန်အဆများစွာ သောက်သုံးမိပါက အဆိပ်သင့်သေဆုံးခြင်းဖြစ်စေနိုင်ပါသည် ။ ကလေးများနှင့်ဝေးသောနေရာတွင်ထားပါ ။
ယေဘူယျအချက်များ
• သတ်မှတ်ထားသော ဆေးညွှန်းကို ကျော်မသောက်ရ ။
• အကယ်၍ ကာလကြာရှည်စွာ ဆေးအချိန်အဆများစွာ သောက်သုံးနေမိပါက ဆေးယဉ်ပါးခြင်းဖြစ်စေနိုင်သည် ။
• အစာအိမ်နှင့်အူလမ်းကြောင်းအနာရှိသော လူနာများ ၊ နာတာရှည် အူရောင်ခြင်းနှင့် နေရာအလိုက် အူယောင်ခြင်းဖြစ်သော လူနာများ သတိပြုသောက်ရမည် ။
• တစ်လခန့်ဆေးသောက်ပြီး ထူးခြားမှုမရှိပါက ဆရာဝန် (သို့မဟုတ်) ဆေးဝါးပညာရှင်နှင့် တိုင်ပင်ရမည် ။
ဓါတ်မတည့်ကြောင်းဖော်ပြချက်
• ဤဆေးအား antialdosterone agent ( နှလုံးပျက်စီးခြင်းအတွက်ကုသဆေးများ )သို့မဟုတ် triamterene (ဆီးဆေးတစ်မျိုး ) သောက်နေရသောသူများတပြိုင်တည်း သောက်သုံးပါက ပိုတက်စီယမ်မြင့်တက်ခြင်း ဖြစ်စေနိုင်သည် ။
• အောက်ပါဆေးများနှင့်တပြိုင်တည်းမသောက်သုံးသင့်ပါ ။
Phosphate -ဖော့စဖိတ် ၊ Calcium salt-ကယ်လ်စီယမ် ဆား ၊ Oral tetracyclines - တက်ထရာစိုက်ကလင်းသောက်ဆေး ၊ Antacid -အစာကြေဆေး ၊ Levodopa - လီဗိုဒိုပါ ။
• Tannin ဓါတ်ပါဝင်သော လက်ဖက်စိမ်း - green tea ၊ လက်ဖက်နီ - red tea စသော လက်ဖက်ရည်များသည် သံဓါတ်စုပ်ယူမှုကို လျော့ကျစေနိုင်သည် ။
အကယ်၍ ဆေးနှင့်ပတ်သတ်ပြီး ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာရှိပါက ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်တိုင်ပင်ရပါမည် ။