Pacific-AA Online Shop | Oramin-F Detail
-4% Oramin-F

Oramin-F

30,100 Kyats 29,000 Kyats

"နုပျိုလင်းလက် စွမ်းအင်ထက် အမျိုးသမီးတိုင်းအတွက် Oramin-F"  

 Oramin-F အမျိုးသမီးတိုင်းအတွက် အဆင့်မြင့်ဂျင်ဆင်းအားဆေး တစ်ခုဖြစ်ပါတယ်။

 ကိုရီးယားနိုင်ငံမှ ထွက်ရှိသော သဘာဝဂျင်ဆင်းအဆီအနှစ်၊ သဘာဝပျားများမှ ပျားဘုရင်မ၏ အစာအဖြစ် အထူးစီမံထုတ်လုပ်လိုက်သော အာဟာရပြည့်ဝသည့် ရိုင်ရယ်ဂျယ်လီ၊ အဆီကျစေတဲ့ Lecithin၊ သွေးအားပြည့်ဖြိုးစေတဲ့ သံဓါတ်၊ ခုခံအားကောင်းစေတဲ့ Vitamin C ၊ အသားအရေလှပစေသော Vitamin E နှင့် Zinc ၊ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးမဲ့ ဗီတာမင် A, C, E တို့အပြင် ခန္ဓာကိုယ်ကျန်းမာစေရန် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ် (၁၇) မျိုးတို့ပါဝင်ပါတယ်။

ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အခြားဗီတာမင်နဲ့ သတ္တုဓာတ်များဖြင့် အကောင်းဆုံးဖြစ်အောင် စီမံဖော်စပ်ထားသော ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးအမြင့်မားဆုံး သဘာဝအားဆေးဖြစ်ပါသည်။

 တစ်နေ့တစ်လုံးသောက် နိုင်ပါသည်  (သို့မဟုတ် ) ဆရာဝန် ညွှန်သည့် အတိုင်း သောက်နိုင်ပါသည်။



Promotion Period: 01-07-2026 to 31-08-2026
🤩 Oramin-F ချစ်ရတဲ့ Beauty Girls လေးတွေအတွက် သတင်းကောင်းလာပါပြီ! Oramin-F မှာ အထူး Promotion တွေနဲ့ လျှော့ဈေးပေးနေတာတင်မကဘဲ "Glow Up Your Campus Life" Campaign အစီအစဉ်နဲ့အတူ ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်းများသို့ Oramin-F University Tour အနေဖြင့် အရောက်လာတော့မှာပဲဖြစ်ပါတယ်ရှင့် ........ ဒါကြောင့် Campus Life ကို ယုံကြည်မှုအပြည့်၊ Glow အပြည့်နဲ့ ဖြတ်သန်းချင်ရင်တော့ Oramin-F ကို အခုပဲ ကြိုတင်ဝယ်ယူပြီး ပုံမှန်သောက်ထားဖို့တော့လိုမယ်နော် ။ 🏷️ ယခင်ဈေး - 3̶0̶,1̶0̶0̶K̶s̶ 🔖 ယခုဈေး - 29,000 Ks Promotion ကာလလေးကတော့ July 1 ရက်နေ့မှ August 31 ရက်နေ့အထိဖြစ်ပါတယ်နော်။ ပိုတန်တဲ့ဈေးနဲ့ ဝယ်ယူပြီး ပိုလှတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ဖို့ Oramin-F နဲ့အတူ စတင်လိုက်ပါနော် ✨ ဆေးဗူကုန်ခါနီးနေပြီဆိုရင်တော့ ဈေးတန်တန်နဲ့ လျှော့ဈေးပေးနေတုန်း ဝယ်ထားလိုက်တာ အကောင်းဆုံးပါပဲရှင်။

Royal Jelly 10.0mg
DL - α - Tocopherol acetate (Vitamin E) 45mg
Ferrous Fumarate 27.38mg
Zinc Oxide 5.0mg
Korean ginseng 50mg
Retinol palmitate (Vitamin A1) 2500I.U
Ergocalciferol (Vitamin D2) 400I.U
Thiamine nitrate (Vitamin B1) 2mg
Riboflavin (Vitamin B2) 2mg
Pyridoxine hydrochloride (Vitamin B6) 2mg
Ascorbic acid (Vitamin C) 100mg
Nicotinamide (Vitamin B3) 10mg
Calcium pantothenate (Vitamin B5) 30mg
Cyanocobalamin (Vitamin B12) 6.0µg
Copper Sulfate 7.86µg
Magnesium oxide 66.34mg
Anhydrous dibasic calcium phosphate (USP) 307.5mg
Manganese Sulfate (USP) 3.0mg
Potassium Sulfate (KP) 18.0mg

ထားသိုသိမ်းဆည်းပုံအညွှန်း
•    လေလုံသောဘူးထဲတွင် တင်းကျပ်စွာ သိမ်းဆည်းရမည် အလင်းရောင်မှတိုက်ရိုက်ထိတွေ့ခြင်းအား ရှောင်ရမည် ။
•    ကလေးများနှင့်ဝေးသောနေရာတွင်ထားရမည် ။ အရည်အသွေးထိမ်းသိမ်းရန်နှင့် ဆေးမှားသောက်ခြင်းမှကာကွယ်ရန်အတွက် အခြားဆေးဘူးခွံနှင့်ပြောင်းထည့်ခြင်းမပြုလုပ်ပါနှင့် ။


ကြိုတင်သတိပေးချက်
•    သတ်မှတ်ထားသော ဆေးညွှန်းအချိန်အဆအတိုင်းသာသောက်သုံးရမည် ။
•    ကလေးငယ်များ သောက်သုံးပါက မိဘ၏ လမ်းညွှန်မှုဖြင့်သာ သောက်သုံးသင့်သည် ။
•    ဗီတာမင် အေ ကိုတစ်နေ့လျှင် 8,000 IU ထက်ပိုမသောက်သင့်ပါ ။ အဘယ့်ကြောင့်ဆိုသော် နေ့စဉ်အစားအစာများထဲတွင် ဗီတာမင်အေကိုလုံလောက်စွာ ရရှိသောကြောင့်ဖြစ်သည် ။
•    ဤဆေးသောက်ခြင်းကြောင့် ပျို့ခြင်း ၊ အန်ခြင်း ၊ ယားယံအကွက်ထခြင်းများဖြစ်ပေါ်ပါက ဆေးသောက်ခြင်းအား ရပ်ပြီး ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့် တိုင်ပင်ရပါမည် ။
•    ဤဆေးသောက်ခြင်းကြောင့် ရာသီသွေးဆင်းများခြင်း ၊ ရာသီသွေးဆင်းမမှန်ခြင်း ဖြစ်စေနိုင်ပါသည် ။ အကယ်၍ သွေးဆင်းခြင်း ဆက်တိုက်ဖြစ်ပေါ်ပါက ဆရာဝန် (သို့မဟုတ်) ဆေးဝါးပညာရှင်နှင့်တိုင်ပင်ရမည် ။
ဓါတ်မတည့်ကြောင်းဖော်ပြချက်
•    ဤဆေးတွင်ပါဝင်သော အရာများနှင့် ဓါတ်မတည့်ပါက မသောက်ပါနှင့် ။ ကိုယ်ဝန်ဆောင်သည်များ ၊ ဗီတာမင်အေ ပိုလျှံရောဂါ ၊ ပြင်းထန်သော အသည်းရောဂါ ၊ သွေးထဲတွင် ကယ်လ်စီယမ်ဓါတ်များခြင်း (သို့မဟုတ် ) ဗီတာမင်ဒီ အဆိပ်သင့်သူများ မသောက်သုံးသင့်ပါ ။
•    ဗီတာမင်အေ နှင့်ဒီ ပါဝင်သော အခြားဆေးများနှင့်တွဲသောက်ခြင်းမပြုရပါ ။