Pacific Nature's Vitamin D3 5000IU
- Category: လူကြီးအားဆေးများ
- UOM: Box of 10x10's Soft Capsule
ယခုစျေးနှုန်းသည် Commercial Tax (5%) ပါဝင်ပြီးဖြစ်ပါသည်။
Expiry Date - 10-11-2024
Pacific Nature's Vitamin D3 5000IU capsule တစ်လုံးတွင် Vitamin D3 (Cholecalciferol) (ဗီတာမင်ဒီသရီး ခေါ် ကိုလီကယ်လ်ဆီဖီရောလ်) 5000 IU ပါ၀င်ပါသည်။
ဗီတာမင်ဒီလိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် Vitamin D3 အားဆေးဖြစ်သည်။ ကိုယ်ခံစွမ်းအား၊ နှလုံးနှင့် အရိုးကျန်းမာရေးတို့ကောင်းမွန်စေရန် ကူညီပေးနိုင်သော ဖြည့်စွက်အားဆေးတစ်မျိုးဖြစ်သည်။
သုံးစွဲပုံအညွှန်း
ဖြည့်စွက်အားဆေးအဖြစ် လူကြီးများတွင် တစ်နေ့ တစ်လုံး (သို့) ဆရာဝန်၊ ဆေးဝါးပညာရှင် စသောကျန်းမာရေးဆိုင်ရာပညာရှင်များ၏ ညွှန်ကြားချက်အတိုင်းသောက်နိုင်သည်။
ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။
Cholecalciferol (Vitamin D3) | 5000 IU |
WARNINGS AND CAUTIONS (သတိပြုရန်အချက်များ):
ဗီတာမင် D ကို ၎င်း၏သက်ရောက်မှုများ မြင့်တက်ခံစားရနိုင်သော ကလေးငယ်များ၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ရှိခြင်း (သို့) နှလုံးရောဂါရှိသူများတွင် သွေးတွင်းကယ်လ်စီယမ်မြင့်တက်ခြင်းကြောင့် ကိုယ်တွင်းအင်္ဂါပျက်စီးမှုများနိုင်သောကြောင့် သတိပြုသုံးစွဲသင့်ပါသည်။
Vitamin D ကုထုံးပေးနေချိန်အတွင်း ectopic calcification ဖြစ်နိုင်ချေရှိသောကြောင့် သွေးရည်ကြည်ထဲရှိ ဖော့စဖိတ်ဓာတ်ကို ထိန်းထားသင့်ပါသည်။
ဗီတာမင်ဒီ ဆေးဝါးပမာဏသောက်နေရသောလူနာများသည် ၎င်းတို့၏ သွေးတွင်းကယ်လ်စီယမ်ကို အထူးသဖြင့် ဆေးစမသောက်မီအစပိုင်း (သို့မဟုတ်) ဆေးအဆိပ်သင့်သည့်လက္ခဏာများရှိပါက ပုံမှန်အားဖြင့် စစ်ဆေးနေသင့်သည်။ ဗီတာမင် D ဆေးများ သောက်နေရသောမိခင်များမှ နို့တိုက်နေသော မွေးကင်းစကလေးငယ်များတွင်ပါသတိပြုသင့်သည်။
Serum vitamin D level ကိုစစ်ဆေးခြင်းဖြင့် ဆေးပမာဏကိုစောင့်ကြည့်ထိန်းညှိသင့်သည်။