Pacific Nature’s Vita-C 500

18,520 Kyats

Pacific Nature’s Vita-C 500 capsule တစ်လုံးတွင် Vitamin C (Ascorbic acid) (ဗီတာမင် စီ ခေါ် အက်စ်ကောဘစ် အက်ဆစ်) 500 mg ပါ၀င်ပါသည်။

Vitamin C သည် ရေတွင်ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည်။ တွယ်ဆက်တစ်ရှူးများကြံ့ခိုင်မှုနှင့် ဆဲလ်နံရံများ တည်ဆောက်မှုအတွက် အရေးပါသည်။ Antioxidant action (ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ) လည်းရှိသည်။ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင်မြှင့်တင်ပေးပြီး အအေးမိတုပ်ကွေး ဖျားနာခြင်း ကာကွယ် ကုသပေးနိုင်ပါသည် ။

အစားအစာများမှ ဗီတာမင်စီ လုံလောက်စွာ မရရှိသူများတွင် ဗီတာမင်စီ ပမာဏလျော့နည်းခြင်းကို ကာကွယ်ရန် သို့မဟုတ် ကုသရန် အသုံးပြုသည်။

သုံးစွဲပုံအညွှန်း

လူကြီး: တစ်ခါသောက်လျှင် ဆေးလုံး ၁လုံး နေ့စဉ် အစာစားပြီး သောက်နိုင်ပါသည်။ (သို့မဟုတ်) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည်။

Ascorbic acid (Vitamin C) 500 mg

သတိပြုရန်အချက်များ (Precautions)

ဤဆေးတွင် ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။

 ဗီတာမင်စီကို hyperoxaluria (ဆီးထဲတွင် oxalate ဓာတ်များခြင်း) ရှိသောလူနာများအတွက် မပေးသင့်ပါ။

 ကိုယ်ဝန်ဆောင်များ: ဗီတာမင်စီ အတွက် ကိုယ်ဝန်နှင့် ပတ်သက်သော လက်တွေ့ စမ်းသပ်ထားသော အချက်အလက်များမတွေ့ရပါ။ တိရိစ္ဆာန်လေ့လာမှုများတွင်ကိုယ်ဝန်၊ သန္ဓေသားလောင်း၊ သန္ဓေသားဖွံ့ဖြိုးမှု၊ ကလေးမွေးခြင်း သို့မဟုတ် မီးဖွားခြင်းဆိုင်ရာတို့နှင့် တိုက်ရိုက် သက်ဆိုင်သောဆိုးကျိုးများကိုမဖော်ပြထားပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

 နို့တိုက်မိခင်များ: ဗီတာမင်စီကို မိခင်နို့မှတစ်ဆင့်လည်း စွန့်ထုတ်သည်။ နို့ရည်မှတစ်ဆင့် စွန့်ထုတ်ခြင်းသည် မွေးကင်းစကလေးငယ်များအတွက် အန္တရာယ်ဖြစ်စေခြင်းကဲ့သို့သော သက်သေအထောက်အထားမရှိပါ။