Pacivite G

12,650 Kyats

" ကျန်းမာသွက်လက် ထက်မြက်သူတိုင်း သုံးစွဲကြသည် ပက်စီဗိုက် ဂျီ "

လူကြီးလူငယ်အားလုံးအတွက် အကောင်းဆုံး ဂျင်ဆင်းအားဆေး ပက်ဆီဗိုက်-ဂျီ သွေးလည်ပတ်မှုကို အားကောင်းစေပြီး စွမ်းအား များကို အချိန်တိုအတွင်း ပြည့်ဝစေသော ကိုရီးယားဂျင်ဆင်း ၊ သွေးအားကောင်းစေသော ဗီတာမင် B12 ဗီတာမင် E နှင့် Ferrous fumerate ၊ ကိုယ်အလေးချိန်ထိမ်းညှိပေးပြီး အိုမင်းခြင်းကို ဆန့်ကျင်သော Aloe extract အပြင် သွေးတွင်း မကောင်းသော အဆီများကို ကျဆင်းစေသော Lacithin တို့ပါဝင်သည် ။

Pacivite G ကို အားနည်းသူများ ၊ အစားအသောက်ပျက်သူများ ၊ မောပန်းနွမ်းနယ်သူများ နှင့်စွမ်းအင်ပြန်လည်ဖြည့်တင်းလိုသူများ အပြင် နလန်ထစ လူမမာများလည်းသောက်သုံးနိုင်ပါသည်။ 

တစ်ခါသောက်ဆေးတောင့်တစ်တောင့်နေ့စဉ်သောက်ရန် ( သို့မဟုတ် ) ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ရန်။

Korean Ginseng extr 40 mg
Aloe extr (BP) 5 mg
Lecithin (USP) 50 mg
Retinol Acetate (Vitamin A1) (KP) 5000 I.U.
Ergocalciferol (Vitamin D2) (USP) 400 I. U.
Thiamine nitrate ( Vitamin B1) (USP) 2mg
Riboflavin (Vitamin B2) (USP) 2 mg
Pyridoxine hydrochloride ( Vitamin B6) (USP) 2 mg
Ascorbic acid (Vitamin C ) (USP) 60 mg
Nicotinamide ( Vitamin B12) ( USP) 20 mg
Calcium pantothenate ( Vitamin B5) ( USP) 15.3 mg
Cyanocobalamin ( Vitamin B12 ) ( USP ) 6 μg
Ferrous Fumarate ( USP) 54.76 mg
Copper sulfate (BP) 7.86 mg
Magnesium oxide ( USP ) 66.34 mg
Zinc oxide ( USP ) 5.0 mg
Dibasic calcium phosphate ( USP ) 307.5 mg
Maganese sulfate ( USP) 3.0 mg
Potassium sulfate ( KP ) 18.0mg
Tocopherol Acetate (Vitamin E) (BP) 45mg

ထားသိုသိမ်းဆည်းပုံအညွှန်း
အလင်းနှင့်တိုက်ရိုက်မထိသောနေရာတွင်ထားပါ ။ လေလုံသော ဘူးနှင့်သိမ်းပြီး အခန်းအပူချိန်တွင်ထားပါ ။


ကြိုတင်သတိပေးချက်

၁ ။ ကိုယ်ဝန်ဆောင်သည်များဖြစ်ပါက ၊ ကိုယ်ဝန်ဆောင်သည်ဟု သံသယရှိပါက သတ်မှတ်ဆေးညွှန်းထက်ပိုမသောက်ရ ။ ဗီတာမင် အေ ( တစ်နေ့ 8,000 IU ) ထက်ပိုသောက်ပါက သန္ဓေသားအား ထိခိုက်ခြင်းဖြစ်စေနိုင်သည်  ။


၂ ။ အောက်ပါအခြေအနေများဖြစ်ပါက အသုံးမပြုခင် ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်တိုင်ပင်ရမည် ။
•    အသက် (၁) နှစ်အောက်ကလေး
•    ဆရာဝန်၏ကုသမှုခံနေရသော လူနာများ
•    ကိုယ်ဝန်ဆောင်သည် (သို့မဟုတ် ) ကိုယ်ဝန်ဆောင်မည့်သူ


၃ ။ သတိထားရမည့်အချက်များ  
•    သတ်မှတ်ထားသည့် အသုံးပြုနည်းလမ်းညွှန်အတိုင်းသောက်သုံးရမည် ။
•    ကလေးငယ်များတွင်အသုံးပြုသည့်အခါ အုပ်ထိမ်းသူ၏ ညွှန်ကြားမှုဖြင့်သာ အသုံးပြုရမည် ။
•    ဗီတာမင် အေသည် နေ့စဉ် အစားအစာများတွင် လုံလောက်စွာ ပါဝင်ပြီးဖြစ်သောကြောင့် တစ်နေ့လျှင် ဗီတာမင်အေ 8,000 IU ထက်မပိုသင့်ပါ ။


၄ ။ အခြား သတိထားရမည့်အချက်များ ၊ ဘေးထွက်ဆိုးကျိုး

•    ပက်စီဗိုက် ဂျီ ကိုသောက်ပြီး ပျို့ခြင်း ၊ အန်ခြင်း ၊ ဝမ်းလျောခြင်း ၊ ယားယံအတွက်ထခြင်း စသည်တို့ဖြစ်ပါက ဆေးသောက်ခြင်းအား ရပ်ပြီး ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်ပြသပါ ။
•    ပက်စီဗိုက် ဂျီကို သောက်ပြီး ဗိုက်အောင့်ဗိုက်နာခြင်း ၊ ဝမ်းသွားခြင်း ၊ ယားယံအတွက်ထခြင်း စသည်တို့ဖြစ်ပါက ဆေးသောက်ခြင်းအား ရပ်ပြီး ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်ပြသပါ ။
•    ပက်စီဗိုက် ဂျီကို ဆးသောက်ခြင်းအားဖြင့် ရာသီသွေးဆင်းများခြင်း နှင့် ရာသီသွေးဆင်းမမှန်ခြင်းတို့ကိုဖြစ်စေနိုင်သည် ။ အကယ်၍ သွေးဆက်ဆင်းနေပါက ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်ပြသပါ ။
•    ဆေးသောက်ပြီး (၁)လကြာပြီးနောက်တိုးတက်ထူးခြားမှုမရှိဟု ယူဆပါက ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်တိုင်ပင်ပါ ။


၅ ။ ထားသို ကိုင်တွင်ရာတွင် သတိထားရမည့်အချက်များ
•    ကလေးငယ်များနှင့်ဝေးသောနေရာတွင်ထားပါ
•    အလင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ ။ အေးမြသော နေရာ ၊ ခြောက်သွေ့သောနေရာတွင် ဆေးဘူးအဖုံးအားလုံအောင်ပိတ်၍ထားပါ ။
•    ဆေးများ၏အရည်အသွေးကို ထိန်းသိမ်းရန်နှင့် ဆေးမှားသောက်ခြင်းကိုကာကွယ်ရန်အတွက် အခြားဆေးဘူးနှင့်သိမ်းဆည်းခြင်းမပြုရ ။