Polyamin-Forte
- Category: လူကြီးအားဆေးများ
- UOM: Box of 3x10's Capsule
23,750 Kyats
• "ကြွက်သားကျစ်လစ်သန်မာဖို့ Polyamin-Forte သောက်ကြစို့..."
• ကိုယ်ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ် ၈ မျိုးနှင့် ဗီတာမင် ၁၁ မျိုးပေါင်းစပ်ထားသော အဆင့်မြင့် ပိုလီယာမင်ဖို့ဒ် အားဆေးဖြစ်ပါသည် ။
• အားကစားသမားများ နှင့်သက်ကြီးရွယ်အိုများ ၊ သတ်သတ်လွတ်စားသူများ နှင့် နလန်ထစလူမမာများ ခွဲစိတ်ပြီးစလူမမာများသောက်သုံးနိုင်ပါသည် ။
• တစ်ခါသောက် တစ်လုံး၊ တစ်နေ့ ၂ ကြိမ်သောက်နိုင် သည် ( သို့မဟုတ် ) ဆရာဝန်ညွှန်ကြားချက် အတိုင်းသောက်နိုင်သည်။
DL-Methionine | 9.2mg |
L-Leucine | 9.15 mg |
L-Valine | 5 mg |
L-lsoleucin | 5 mg |
L-Threonine | 5 mg |
L-Tryptophane | 5 mg |
L-Phenylalanine | 5 mg |
Lysine HCI | 25 mg |
Retinol palmitate | 1000 IU |
Ergocalciferol | 100 IU |
Tocopherol acetate | 5 mg |
Thiamine nitrate | 2.5 mg |
Riboflavin | 1.5 mg |
Nicotinamide | 10 mg |
Pyridoxine HCI | 5 mg |
Calcium pantothenate | 2.5 mg |
Cyanocobalamine | 0.5 µg |
Folic acid | 100 mg |
Ascorbic acid | 25 mg |
ထားသိုသိမ်းဆည်းပုံအညွှန်း
၁ ။ ကလေးငယ်များနှင့် ဝေးသော နေရာတွင်ထားပါ ။
၂။ အေးမြသော နေရာတွင်ထားပါ အလင်းနှင့်တိုက်ရိုက်ထိတွေ့ချင်းမှ ကာကွယ်ပါ ။၃ ။ ဆေးများ၏အရည်အသွေးကို ထိမ်းသိန်းရန်နှင့် ဆေးမှားသောက်ခြင်းကိုကာကွယ်ရန်အတွက် အခြားဆေးဘူးနှင့်သိမ်းဆည်းခြင်းမပြုရ ။
ကြိုတင်သတိပေးချက်
၁ ။ ကိုယ်ဝန်ဆောင်သည်များဖြစ်ပါက ၊ ကိုယ်ဝန်ဆောင်သည်ဟု သံသယရှိပါက သတ်မှတ်ဆေးညွှန်းထက်ပိုမသောက်ရ ။ ဗီတာမင် အေ ( တစ်နေ့ 8,000 IU ) ထက်ပိုသောက်ပါက သန္ဓေသားအား ထိခိုက်ခြင်းဖြစ်စေနိုင်သည် ။
၂ ။ အောက်ပါအခြေအနေများဖြစ်ပါက အသုံးမပြုခင် ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်တိုင်ပင်ရမည် ။
• အသက် (၁) နှစ်အောက်ကလေး
• ဆရာဝန်၏ကုသမှုခံနေရသော လူနာ
• ကိုယ်ဝန်ဆောင်သည် (သို့မဟုတ် ) ကိုယ်ဝန်ဆောင်မည့်သူ
၃ ။ အောက်ပါအခြေအနေများအား သတိထား၍ သုံးသင့်ပါသည် ။
• သတ်မှတ်ထားသည့် အသုံးပြုနည်းလမ်းညွှန်အတိုင်းသောက်သုံးရမည် ။
• ကလေးငယ်များတွင်အသုံးပြုသည့်အခါ အုပ်ထိမ်းသူ၏ ညွှန်ကြားမှုဖြင့်သာ အသုံးပြုရမည် ။
• သောက်ဆေးသာဖြစ်ပါသည် သွေးကြောသွင်းကုသဆေးမဟုတ်ပါ ။
• ဗီတာမင် အေသည် နေ့စဉ် အစားအစာများတွင် လုံလောက်စွာ ပါဝင်ပြီးဖြစ်သောကြောင့် တစ်နေ့လျှင် ဗီတာမင်အေ 8,000 IU ထက်မပိုသင့်ပါ ။
ကိုယ်ဝန်ဆောင်သည်များ
• ကိုယ်ဝန်ဆောင်ကာလမတိုင်ခင် ၃ လ (သို့မဟုတ် ) ကိုယ်ဝန်ဆောင်နေစဉ်ပထမ (၃) လအတွင်း ဗီတာမင်အေ တစ်နေ့ 10,000 IU ပမာဏ သောက်သုံးပါကသန္ဓေသား ကိုယ်လက်အဂါၤချို့တဲ့ခြင်းကို ဖြစ်စေနိုင်သည် ။
• အကယ်၍ ကိုယ်ဝန်ဆောင်သည် ပထမ (၃) လ (သို့မဟုတ် ) ကိုယ်ဝန်ဆောင်မည့်သူ ဖြစ်ပါက တစ်နေ့လျှင် ဗီတာမင်အေ 5,000 IU ထက်ပိုမသောက်သင့်ပါ ။
