Pacific-AA Online Shop | Rose Vit E Detail

Rose Vit E

ယခုစျေးနှုန်းသည် Commercial Tax (5%) ပါဝင်ပြီးဖြစ်ပါသည်။

Rose Vit E သည် Vitamin E နှင့် Evening Primrose Oil (EPO) တို့ပါဝင်တဲ့ ဖြည့်စွက်အားဆေးဖြစ်ပါတယ်။

အစွမ်းထက် ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိပြီး အသားအရေနှင့်ဆံသားများ ကျန်းမာသန်စွမ်းကာ ငယ်ရွယ်နုပျိုစေ‌ေသာ Vitamin E နှင့် အမျိုးသမီးများတွင် ဟော်မုန်း level ကိုထိန်းညှိပေးပြီး ဓမ္မတာမလာမီ နှင့် သွေးဆုံးချိန် ဖြစ်လေ့ရှိသောလက္ခဏာစုများကို သက်သာစေသော Evening Primrose Oil တို့ပါဝင်ပါသည်။

ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေရန်၊ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များကိုပျက်စီးစေသော ဓာတ်တိုးပစ္စည်းများကို တိုက်ဖျက်ရန်၊ ဟော်မုန်းမျှတအောင် ပံ့ပိုးပေးပြီး အရေပြားကျန်းမာရေးကို အထောက်အကူပြုရန်နှင့် အမျိုးသမီးများတွင် ဓမ္မတာကြောင့် ကိုက်ခဲနာကျင်မှုများ၊ ဓမ္မတာမမှန်ခြင်းများအပြင် သွေးဆုံးချိန် ဖြစ်လေ့ရှိသော လက္ခဏာများကို သက်သာစေရန် အသုံးပြုနိုင်ပါသည်။

အစာစားပြီး နေ့စဉ် တစ်နေ့ တစ်လုံးမှ နှစ်လုံး (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင်သည်။

ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Vitamin E (as Acetate) 200 IU
Evening Primrose Oil 300 mg

သတိပြုရန်အချက်များ (Precautions) 

ဆေးတွင်ပါဝင်သော Evening Primrose Oil နှင့် Vitamin E တို့နှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။ အတက်ရောဂါရှိသူများလည်း မသုံးစွဲသင့်ပါ။

ဆေးညွှန်းထက်ပိုမသောက်သင့်ပါ။ ကိုယ်ဝန်ဆောင်နျင့် နို့တိုက်မိခင်များသည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သုံးစွဲသင့်သည်။

ဘေးထွက်ဆိုးကျိုးများ (Side Effects)

ဘေးထွက်ဆိုးကျိုး လွန်စွာနည်းပါးပါသည်။ အစာအိမ်နှင့် အူလမ်းကြောင်း မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ယားယံခြင်းတို့ အနည်းငယ် ဖြစ်တတ်ပါသည်။