Pacific Nature's Vision Vite Adult 50+
- Category: လူကြီးအားဆေးများ
- UOM: Box of 3x10's Soft Capsule
Pacific Nature's Vision Vite® Adult 50+ သည် အသက်၅၀နှင့်အထက်လူကြီးများတွင် အသက်ကြီးလာသည်နှင့်အမျှ ၎င်းတို့၏အမြင်အာရုံကိုကာကွယ်ရန် လိုအပ်သောအာဟာရများကို ဖြည့်တင်းရန် ကူညီပေးသည့် မျက်လုံးအတွက် အထူးဗီတာမင်ဖော်မြူလာတစ်ခုဖြစ်သည်။ Lutein, Zeaxanthin, Omega 3 fatty acid, Zinc, Copper, Vitamin C & Vitamin E တို့ပါဝင်သော USA နိုင်ငံထုတ် မျက်စိအတွက်ဗီတာမင်နှင့်သတ္တုဓာတ်ဖြည့်စွက်အားဆေးဖြစ်သည်။
အသက်ကြီးလာသည်နှင့်အမျှ အမြင်အာရုံချို့ယွင်းခြင်းကို ကာကွယ်ရန် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးရန်၊ မျက်လုံးကျန်းမာရေးကို ကာကွယ်ပေးရန်၊ အသက်အရွယ်ကြောင့်ဖြစ်သော မျက်လုံးမှုန်ခြင်းနှင့် အတွင်းတိမ်များကို ကာကွယ်ပေးရန် သုံးနိုင်သည်။
လူကြီးများတွင် ဖြည့်စွက်အားဆေးအနေဖြင့် တစ်ခါသောက် (၁)လုံး တစ်နေ့ (၁)ကြိမ် အစာနှင့်တွဲ သောက်နိုင်သည်။ (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင်သည်။
ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။
Vitamin C (Ascorbic Acid) | 150 mg |
Vitamin E (dl-alpha tocopheryl Acetate) | 30 IU |
Zinc (as Zinc oxide) | 9 mg |
Copper (as Copper Gluconate) | 1 mg |
Omega-3 fatty acids (160mg EPA, 90mg DHA) | 250 mg |
Lutein (as Lutein 10% oil) | 5 mg |
Zeaxanthin (as Lutein 10% oil) | 1 mg |
သတိပြုရန်အချက်များ (Precautions)
ဤဆေးတွင် ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အခြားဆေးဝါးများသောက်သုံးနေရသူများ (သို့မဟုတ်) ကျန်းမာရေးအခြေအနေတစ်ခုခုရှိနေသူများသည် ဤဖြည့်စွက်အားဆေးကို အသုံးမပြုမီ ဆရာဝန် (သို့) ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်သည်။
Storage (ထားသိုသိမ်းဆည်းပုံ)
အေးမြ၍ခြောက်သွေ့သောနေရာတွင်ထားပါ။ နေရောင်တိုက်ရိုက် မထိသောနေရာတွင် ထားပါ။ ကလေးငယ်များနှင့် ဝေးသောနေရာတွင် ထားပါ။