Pacific-AA Online Shop | Pacific Nature's Vision Vite Eye Restore Detail
Pacific Nature's Vision Vite Eye Restore
Pacific Nature's Vision Vite Eye Restore
Pacific Nature's Vision Vite Eye Restore

Pacific Nature's Vision Vite Eye Restore

Pacific Nature's Vision Vite® Eye Restore သည် အသက်အရွယ်နှင့်ဆက်နွယ်သော မျက်လုံးကျန်းမာရေးအတွက် အမြင်အာရုံကို ပံ့ပိုးပေးရန်အတွက် ဖော်စပ်ထားသည်။ ၎င်းတွင် ငယ်ရွယ်နုပျိုသော အမြင်အာရုံအတွက် အသက်အရွယ်ဆိုင်ရာ မျက်စိကျန်းမာရေးကို ပံ့ပိုးပေးရန် National Eye Institute (NEI) မှ အကြံပြုထားသော အာဟာရဓာတ်များ အတိအကျပါဝင်ပါသည်။ Lutein, Zinc, Copper, Vitamin C & Vitamin E တို့ပါဝင်သောUSA နိုင်ငံထုတ် မျက်စိအတွက် ဗီတာမင်နှင့်သတ္တုဓာတ်ဖြည့်စွက်အားဆေးဖြစ်သည်။

အသက်အရွယ်ဆိုင်ရာ မျက်လုံးကျန်းမာရေးအတွက် စိုးရိမ်နေသူများတွင် အမြင်အာရုံကိုပံ့ပိုးရန်၊ မျက်လုံးကျန်းမာရေးကို ကာကွယ်ပေးရန်၊ အသက်အရွယ်ကြောင့်ဖြစ်သော မျက်လုံးမှုန်ခြင်းနှင့် အတွင်းတိမ်များကို ကာကွယ်ပေးရန် သောက်သုံးနိုင်သည်။

လူကြီးများတွင် ဖြည့်စွက်အားဆေးအနေဖြင့် တစ်ခါသောက် (၁)လုံး တစ်နေ့ (၂)ကြိမ် အစာနှင့်တွဲ သောက်နိုင်သည်။ (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင်သည်။

ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Vitamin C (Ascorbic Acid) 226 mg
Vitamin E (dl-alpha tocopheryl Acetate) 200 IU
Zinc (as Zinc oxide) 35 mg
Copper (as Copper Oxide) 0.8 mg
Lutein (as Lutein 10% oil) 5 mg

သတိပြုရန်အချက်များ (Precautions)

ဤဆေးတွင် ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အခြားဆေးဝါးများသောက်သုံးနေရသူများ (သို့မဟုတ်) ကျန်းမာရေးအခြေအနေတစ်ခုခုရှိနေသူများသည် ဤဖြည့်စွက်အားဆေးကို အသုံးမပြုမီ ဆရာဝန် (သို့) ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်သည်။

Storage (ထားသိုသိမ်းဆည်းပုံ)

အေးမြ၍ခြောက်သွေ့သောနေရာတွင်ထားပါ။ နေရောင်တိုက်ရိုက် မထိသောနေရာတွင် ထားပါ။ ကလေးငယ်များနှင့် ဝေးသောနေရာတွင် ထားပါ။