Vitahome (120's)

22,550 Kyats

" မိသားစု တစ်စုလုံးကျန်းမာဖို့ ဗိုက်တာဟုမ်းကိုသောက်ကြစို့ "

 Vitahome မှာ ပါဝင်တဲ့ Vitamin A, C, E က Anti-oxidant လို့ ခေါ်တဲ့ ခန္ဓာကိုယ်က Cell တွေ ဓာတ်တိုးပျက်စီးမှုမှ ကာကွယ်ပေးနိုင်တဲ့အတွက် ရုပ်ကိုနုပျိုလန်းဆန်းစေပါတယ်။

 B-Complex ကတော့ မောပန်းနွမ်းနွယ်ခြင်း၊ ညောင်းညာကိုက်ခဲ အကြောတက်ခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

 Vitamin-D ကတော့ အရိုးနဲ့သွားတွေကို ခိုင်မာသန်စွမ်းစေပြီး Folic Acid က သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

 နေ့စဉ် တစ်နေ့ တစ်တောင့် ( သို့မဟုတ် ) ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်ပါသည်။


Retinol palmitate (Vitamin A) 4,000 IU
Ergocalciferol (Vitamin D) 400 IU
Tocopherol acetate (Vitamin E) 15mg
Vitamin C 75mg
B12 5mcg
Folic acid 100mcg
Thiamine nitrate (Vitamin B1) 2mg
Riboflavin (Vitamin B2) 2mg
Nicotinamide (Vitamin B3) 20mg
Calcium pantothenate (Vitamin B5) 10mg
Pyridoxine hydrochloride (Vitamin B6) 2mg

ထားသိုသိမ်းဆည်းပုံအညွှန်း
အလင်း နှင့်တိုက်ရိုက်မထိသော နေရာတွင်ထားပါ ၊ လေလုံသော ဘူးနှင့်ထည့်ရမည် ။  အခန်းအပူချိန်တွင်ထားပါ ။


ကြိုတင်သတိပေးချက် နှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်

၁ ။ သတိပေးချက်
ကိုယ်ဝန်ဆောင်သည်များတွင် ဗီတာမင်အေ ကို တစ်နေ့လျှင် 8,000 IU ထက်ပိုသောက်ပါက သန္ဓေသားချို့ယွင်းမှုများဖြစ်စေနိုင်သည် ။
၂ ။ အောက်ပါလူနာများသည် ဆေးမသောက်ခင် ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်တိုင်ပင်ရန်လိုပါသည် ။
•    ၁ နှစ်အောက်ကလေးငယ်များ
•    ဆရာဝန်မှညွှန်ကြားထားသော ဆေးသောက်နေရသူများ
•    ကိုယ်ဝန်ဆောင်ချိန်အမျိုးသမီးများ
၃ ။ သတိထားရမည့်အချက်များ
•    သတ်မှတ်ထားသော ဆေးအညွှန်းအတိုင်းသာ သောက်သုံးရမည် ။
•    ကလေးငယ်များသောက်လိုပါက ကြီးကြပ်သူ၏ စီစဉ်ညွှန်ကြားမှုဖြင့်သာသောက်ရမည် ။
•    ဗီတာမင် အေသည် နေ့စဉ် အစားအစာများတွင် လုံလောက်စွာ ပါဝင်ပြီးဖြစ်သောကြောင့် တစ်နေ့လျှင် ဗီတာမင်အေ 8,000 IU ထက်မပိုသင့်ပါ ။
•    ကလေးငယ်များ နှင့်ဝေးသောနေရာတွင်ထားပါ ။
•    အေးမြ ခြောက်သွေ့ပြီး အလင်းမရှိသော နေရာတွင် သိမ်းပါ ။
•    ဆေးမှားအသုံးပြုခြင်းမဖြစ်စေရန်နှင့် အရည်အသွေး ကို ထိမ်းသိမ်းရန်အတွက် အခြားဆေးဘူးနှင့်ထည့်၍ သိမ်းခြင်း မပြုလုပ်ပါနှင့် ။