Pacific-AA Online Shop | Medigesic Detail
Medigesic

Medigesic


ဆေးအကြောင်းဖေါ်ပြချက်


ပါရာစီတမောသည် စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးအုပ်စုတွင်ပါဝင်ပြီး အကိုက်အခဲကို သက်သာစေယုံသာမက အဖျားကျစေသည်


အသုံးပြုနိုင်သောအခြေနေများ
သာမန်ကိုက်ခဲနိုင်ကျင်မှုများအတွက်အသုံးပြုနိုင်ပြီး အအေးမိခြင်း ခေါင်းကိုက်ခြင်း ခါးနာခြင်း အဆစ်ကိုက်ခဲခြင်း သွားကိုက်ခြင်း နှင့်ရာသီသွေးဆင်းခြင်းကြောင့်သားအိမ်ကိုက်ခြင်း အပြင် အဖျားကို ယာယီသက်သာစေသည်


ဆေးအညွန်း
လူကြီးနှင့်အသက် ၁၂ နှစ်အထက်ကလေး တစ်ခါသောက် လုံး နာရီခြား သို့မဟုတ် နာရီခြားသောက်နိုင်ပြီး ကလေး အသက် နှစ်မှ ၁၁ နှစ်အတွင်း တစ်ခါသောက်တစ်လုံး၄ နာရီခြား မှ နာရီခြားသောက်နိုင်သည် ( သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည်

ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Paracetamol 500 mg


ထားသိုသိမ်းဆည်းပုံအညွှန်း

အေးမြခြောက်သွေ့သောနေရာတွင်ထားပါ အလင်းမှ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ

ကြိုတင်သတိပေးချက်
•    ကာလကြာရှည်စွာ စွဲသောက်ခြင်းအား ရှောင်ကြဉ်ရမည်
•    ဆရာဝန် ညွှန်ကြားချက်မရှိပဲ (၁၀ ) ရက်ဆက်တိုက်ကျော်၍ သောက်သုံးခြင်းမပြုရ
•    အသည်းနှင့် ကျောက်ကပ်မကောင်းသူများ သတိပြုသောက်သုံးရမည်
•    အခြားဆေးများ သောက်သုံးနေသော လူနာများ ဤဆေးနှင့်တွဲသောက်ပါက အသည်းကိုထိခိုက်စေနိုင်ပါသည်
•    အလွန်ပြင်းထန်သော အသည်းချို့ယွင်းမှု ( အသည်းစစ်ဆေးခြင်း Creatinine clearance စစ်ဆေးမှု 10ml/ml အောက် ) ဖြစ်ပါက ဆေးတစ်ကြိမ်နှင့်တစ်ကြိမ်အနည်းဆုံး () နာရီခြားသောက်ရမည်


ဓါတ်မတည့်ကြောင်းဖော်ပြချက်
•    ဤဆေးတွင်ပါဝင်သော အရာများနှင့် ဓါတ်မတည့်ပါက မသောက်ပါနှင့်  
•    သတ်မှတ်ဆေးမမာဏထက် ပိုသောက်ပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများဖြစ်စေနိုင်သည်
•    ပါရာစီတမော ၁၀ ဂရမ်မှ ၁၅ ဂရမ်ဝါးစားပါက အသည်းဆဲလ်များ သေဆုံးခြင်းကိုဖြစ်စေပြီးလက္ခဏာများမှာ ပျို့ခြင်း အန်ခြင်း ချွေးထွက်ခြင်း ဗိုက်အောင့်ခြင်း အသည်းပျက်စီးခြင်း ၊အသည်းထိခိုက်၍သတိလစ်မေ့မျောခြင်း နောက်ဆုံးအသက်သေဆုံးသည်အထိဖြစ်စေနိုင်ပါသည်
•    ကိုယ်ဝန်ဆောင်သညများ သောက်သုံးပါက ကလေးတွင် မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်ခြင်း သန္ဓေသား၏ကြီးထွားမှုအတွက် အနှောက်အယှက်ဖြစ်နိုင်ခြင်း တို့ကြောင့် ဆေးမသောက်ခင် ဆရာဝန်ညွှန်ကြားချက်ယူရပါမည်
•    ပါရာစီတမောသည် နို့ရည်မှ စစ်ထုတ်နိုင်သောကြောင့် နို့တိုက်မိခင်များ သောက်လိုပါက သတိပြု၍ သောက်သင့်ပါသည်