Paracetamol Caplets

4,110 Kyats

ဆေးအကြောင်းဖော်ပြချက်
ပါရာစီတမောသည် စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးအုပ်စုတွင်ပါဝင်ပြီး အကိုက်အခဲကို သက်သာစေယုံသာမက အဖျားကျစေသည် ။

အဝါရောင် ၊ ပန်းရောင်၊ အစိမ်းရောင်၊ အဖြူရောင်နှင့် အပြာရောင် Caplets များ ရနိုင်ပါသည် ။


အသုံးပြုနိုင်သောအခြေနေများ
သာမန်ကိုက်ခဲနိုင်ကျင်မှုများအတွက်အသုံးပြုနိုင်ပြီး အအေးမိခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ခါးနာခြင်း ၊ အဆစ်ကိုက်ခဲခြင်း သွားကိုက်ခြင်း နှင့်ရာသီသွေးဆင်းခြင်းကြောင့်သားအိမ်ကိုက်ခြင်း အပြင် အဖျားကို ယာယီသက်သာစေသည် ။


ဆေးအညွန်း
လူကြီးနှင့်အသက် ၁၂ နှစ်အထက်ကလေး တစ်ခါသောက် ၂ လုံး ၄ နာရီခြား သို့မဟုတ် ၆ နာရီခြားသောက်နိုင်ပြီး ကလေး အသက် ၆ နှစ်မှ ၁၁ နှစ်အတွင်း တစ်ခါသောက်တစ်လုံး၄ နာရီခြား မှ ၆ နာရီခြားသောက်နိုင်သည် ( သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည် ။

Paracetamol 500 mg

ထားသိုသိမ်းဆည်းပုံအညွှန်း
အေးမြခြောက်သွေ့သောနေရာတွင်ထားပါ ။ အလင်းမှ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ ။

ကြိုတင်သတိပေးချက်

•    ကာလကြာရှည်စွာ စွဲသောက်ခြင်းအား ရှောင်ကြဉ်ရမည် ။
•    ဆရာဝန် ညွှန်ကြားချက်မရှိပဲ (၁၀ ) ရက်ဆက်တိုက်ကျော်၍ သောက်သုံးခြင်းမပြုရ ။
•    အသည်းနှင့် ကျောက်ကပ်မကောင်းသူများ သတိပြုသောက်သုံးရမည် ။
•    အခြားဆေးများ သောက်သုံးနေသော လူနာများ ဤဆေးနှင့်တွဲသောက်ပါက အသည်းကိုထိခိုက်စေနိုင်ပါသည် ။
•    အလွန်ပြင်းထန်သော အသည်းချို့ယွင်းမှု ( အသည်းစစ်ဆေးခြင်း Creatinine clearance စစ်ဆေးမှု 10ml/ml အောက် ) ဖြစ်ပါက ဆေးတစ်ကြိမ်နှင့်တစ်ကြိမ်အနည်းဆုံး (၈) နာရီခြားသောက်ရမည် ။


ဓါတ်မတည့်ကြောင်းဖော်ပြချက်
•    ဤဆေးတွင်ပါဝင်သော အရာများနှင့် ဓါတ်မတည့်ပါက မသောက်ပါနှင့် ။  
•    သတ်မှတ်ဆေးမမာဏထက် ပိုသောက်ပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများဖြစ်စေနိုင်သည် ။
•    ပါရာစီတမော ၁၀ ဂရမ်မှ ၁၅ ဂရမ်ဝါးစားပါက အသည်းဆဲလ်များ သေဆုံးခြင်းကိုဖြစ်စေပြီးလက္ခဏာများမှာ ပျို့ခြင်း အန်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဗိုက်အောင့်ခြင်း ၊ အသည်းပျက်စီးခြင်း ၊အသည်းထိခိုက်၍သတိလစ်မေ့မျောခြင်း ၊ နောက်ဆုံးအသက်သေဆုံးသည်အထိဖြစ်စေနိုင်ပါသည် ။
•    ကိုယ်ဝန်ဆောင်သညများ သောက်သုံးပါက ကလေးတွင် မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်ခြင်း ၊ သန္ဓေသား၏ကြီးထွားမှုအတွက် အနှောက်အယှက်ဖြစ်နိုင်ခြင်း တို့ကြောင့် ဆေးမသောက်ခင် ဆရာဝန်ညွှန်ကြားချက်ယူရပါမည် ။
•    ပါရာစီတမောသည် နို့ရည်မှ စစ်ထုတ်နိုင်သောကြောင့် နို့တိုက်မိခင်များ သောက်လိုပါက သတိပြု၍ သောက်သင့်ပါသည် ။