Paracetamol (G, P, W, Y)
- Category: အကိုက်အခဲပျောက်ဆေးများ
- UOM: Box of 1000's Tablet
72,920 Kyats
ဆေးအကြောင်းဖေါ်ပြချက်
ပါရာစီတမောသည် စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးအုပ်စုတွင်ပါဝင်ပြီး
အကိုက်အခဲကို သက်သာစေယုံသာမက အဖျားကျစေသည် ။
အသုံးပြုနိုင်သောအခြေနေများ
သာမန်ကိုက်ခဲနိုင်ကျင်မှုများအတွက်အသုံးပြုနိုင်ပြီး
အအေးမိခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ခါးနာခြင်း
၊ အဆစ်ကိုက်ခဲခြင်း သွားကိုက်ခြင်း နှင့်ရာသီသွေးဆင်းခြင်းကြောင့်သားအိမ်ကိုက်ခြင်း
အပြင် အဖျားကို ယာယီသက်သာစေသည် ။
ဆေးအညွန်း
လူကြီးနှင့်အသက် ၁၂ နှစ်အထက်ကလေး တစ်ခါသောက်
၂ လုံး ၄ နာရီခြား သို့မဟုတ်
၆ နာရီခြားသောက်နိုင်ပြီး ကလေး အသက် ၆ နှစ်မှ ၁၁
နှစ်အတွင်း တစ်ခါသောက်တစ်လုံး၄ နာရီခြား မှ ၆ နာရီခြားသောက်နိုင်သည်
( သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည်
။
Paracetamol | 500 mg |
ထားသိုသိမ်းဆည်းပုံအညွှန်း
အေးမြခြောက်သွေ့သောနေရာတွင်ထားပါ
။ အလင်းမှ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ ။
ကြိုတင်သတိပေးချက်
• ကာလကြာရှည်စွာ
စွဲသောက်ခြင်းအား ရှောင်ကြဉ်ရမည် ။
• ဆရာဝန်
ညွှန်ကြားချက်မရှိပဲ
(၁၀ ) ရက်ဆက်တိုက်ကျော်၍ သောက်သုံးခြင်းမပြုရ ။
• အသည်းနှင့်
ကျောက်ကပ်မကောင်းသူများ
သတိပြုသောက်သုံးရမည် ။
• အခြားဆေးများ
သောက်သုံးနေသော လူနာများ ဤဆေးနှင့်တွဲသောက်ပါက အသည်းကိုထိခိုက်စေနိုင်ပါသည်
။
• အလွန်ပြင်းထန်သော
အသည်းချို့ယွင်းမှု (
အသည်းစစ်ဆေးခြင်း
Creatinine clearance စစ်ဆေးမှု
10ml/ml အောက် ) ဖြစ်ပါက ဆေးတစ်ကြိမ်နှင့်တစ်ကြိမ်အနည်းဆုံး
(၈) နာရီခြားသောက်ရမည် ။
ဓါတ်မတည့်ကြောင်းဖော်ပြချက်
• ဤဆေးတွင်ပါဝင်သော
အရာများနှင့် ဓါတ်မတည့်ပါက မသောက်ပါနှင့် ။
• သတ်မှတ်ဆေးမမာဏထက်
ပိုသောက်ပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများဖြစ်စေနိုင်သည်
။
• ပါရာစီတမော
၁၀ ဂရမ်မှ ၁၅ ဂရမ်ဝါးစားပါက အသည်းဆဲလ်များ
သေဆုံးခြင်းကိုဖြစ်စေပြီးလက္ခဏာများမှာ
ပျို့ခြင်း အန်ခြင်း ၊ ချွေးထွက်ခြင်း ၊
ဗိုက်အောင့်ခြင်း ၊ အသည်းပျက်စီးခြင်း ၊အသည်းထိခိုက်၍သတိလစ်မေ့မျောခြင်း ၊ နောက်ဆုံးအသက်သေဆုံးသည်အထိဖြစ်စေနိုင်ပါသည် ။
• ကိုယ်ဝန်ဆောင်သညများ
သောက်သုံးပါက ကလေးတွင် မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်ခြင်း ၊ သန္ဓေသား၏ကြီးထွားမှုအတွက် အနှောက်အယှက်ဖြစ်နိုင်ခြင်း
တို့ကြောင့် ဆေးမသောက်ခင် ဆရာဝန်ညွှန်ကြားချက်ယူရပါမည်
။
• ပါရာစီတမောသည်
နို့ရည်မှ စစ်ထုတ်နိုင်သောကြောင့် နို့တိုက်မိခင်များ သောက်လိုပါက သတိပြု၍ သောက်သင့်ပါသည် ။