Alben 400

သန်ကောင်တုတ်ကောင်အမျိုးမျိုးအတွက် အယ်ဘမ် -၄၀၀ သန်ချဆေးဖြစ်ပါသည် ။

ဆေးလုံးတစ်လုံးတွင် Albendazole 400mg ပါဝင်ပြီး သန်လုံးကောင် ၊ သန်ပြားကောင် ၊ ချိတ်သန်ကောင် စသည့် သန်ကောင်တုပ်ကောင်အမျိုးမျိုးကို ဥ ၊ သားလောင်း ၊ အကောင် အဆင့် အမျိုးမျိုးကို သုတ်သင်နိုင်သော အာနိသင်ရှိသည့် အစွမ်းထက် သန်ချဆေးဖြစ်သည် ။

သုံးစွဲပုံအညွှန်း

တစ်နှစ်အထက် ကလေး နှင့် လူကြီး - တစ်ခါသောက်တစ်လုံး တစ်ကြိမ်သာသောက်ရန် ။ ဝါးစား၍ ရသော ဆေးပြားပုံစံဖြစ်သောကြောင့် ကလေးများအနေဖြင့်အဆင်ပြေလွယ်ကူစွာ ဝါးစားနိုင်ပါသည် ။

မှတ်ချက် ။ ။ တစ်နှစ်လျှင် ၁ ကြိမ် ( သို့မဟုတ် ) ၆ လ တစ်ကြိမ် သန်ချပေးရန်လိုပါသည်


ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Albendazole 400mg

ထားသိုသိမ်းဆည်းပုံအညွှန်း

အေးမြခြောက်သွေ့သောနေရာတွင်ထားပါ ။ အလင်းနှင့်တိုက်ရိုက်မထိအောင်ကာကွယ်ပါ ။

ကြိုတင်သတိပေးချက် နှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက် •

ဤဆေးနှင့်ဓါတ်မတည့်သောသူများမသောက်သုံးသင့်ပါ ။ • ကိုယ်ဝန်ဆောင်သည်များ ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါသည် ။ • ဤဆေးတွင်ပါဝင်သော ဓါတ်ပစ္စည်းသည် နို့ရည်မှ စစ်ထုတ်နိုင်သောကြောင့် နို့တိုက်မိခင်များတွင်သောက်သုံးလိုပါက သတိထား၍ သောက်သုံးသင့်ပါသည် ။ • ဆေးအချိန်အဆ အလွန်များစွာသောက်သုံးမိပါက အစာအိမ်ဆေးခြင်း စသောယေဘူယျ ထောက်ပံ့ကုသမှုများဖြင့် ကုသသင့်ပါသည် ။