Pharma Mezol

ဆေးအကြောင်းဖော်ပြချက်

ဖာမာမီဇောဆေးပြားသည် ဝါးစားနိုင်သော ဆေးပြားဖြစ်ပြီး သံကောင်တုတ်ကောင်အမျိုးမျိုးကို အမြစ်ပြတ်နှိမ်နင်းနိုင်သော သံချဆေးအမျိုးအစားဖြစ်ပါသည် ။

အသုံးပြုနိုင်သောအခြေအနေများ

သံကောင်တုတ်ကောင်အမျိုးမျိုးစွဲကပ်ခြင်း
သံလုံးကောင် ၊ သံပြားကောင် နှင့် ချိတ်သံကောင်စွဲကပ်ခြင်း တို့ကိုကုသရန် ။


သုံးစွဲပုံအညွှန်း
•    သံလုံးကောင် ၊ သံပြား ကောင် ၊ သံပြားကောင်နှင့်သံကောင်တုတ်ကောင်အမျိုးမျိုးအတွက်
•    လူကြီးနှင့် ကလေးအသက် (၂) နှစ်အထက် : တစ်ခါသောက် (၁) ပြား တစ်ကြိမ်သောက်ရန် ။
•    ဂျိတ်သံကောင်- hookworm နှင့် သံလုံးကောင် - whipworm (Trichuris ) စွဲကပ်ခြင်းအားကုသရန်အတွက် Pharma Mezol 500mg တစ်ကြိမ်တည်းပေးခြင်းသည် ဥ အရေအတွက်လျော့ကျစေသော်လည်း ကုသမှုအတွက်မလုံလောက်ပါ ။
•    ကလေးငယ်များ လွယ်ကူစွာ သောက်စေနိုင်ပြီး ဆေးလုံးအား ခြေမွခြင်းနှင့်အချို့သော အရည်များနှင့် တွဲသောက်နိုင်သည် ။
•    ပထမတစ်ကြိမ် သောက်ပြီး ၃-၄ ပတ်ကြာသည်အထိသံကောင်တုပ်ကောင်ရှိနေသေးပါက ဒုတိယအကြိမ်ထပ်ပေးနိုင်ပါသည် ။  
•    Mezol ဆေး၏ အာနိသင်သည် ဆေးနှင့် သံကောင်တုပ်ကောင်တို့၏ ထိတွေ့မှု ကြာချိန်ပေါ်မူတည်ပါသည် ။ အစာအိမ်အူလမ်းကြောင်းထဲမှ ပြန်လည်ထွက်ရှိချိန်မြန်ပါက ( ဥပမာ - ဝမ်းသွားခြင်း ) ဆေးကို နောက်တစ်ကြိမ်ထပ်ပေးရန်လိုပါသည် ။

(သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည် ။


ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Mebendazole 500 mg

ထားသိုသိမ်းဆည်းပုံအညွှန်း
၃၀ ဒီဂရီဆပ်စီရပ် အောက်တွင် ထားရမည် ။ အလင်းမှ တိုက်ရိုက်ထိတွေ့ခြင်းအား ကာကွယ်ရမည် ။ ကလေးများနှင့် ဝေးသော နေရာတွင်ထားပါ ။


ကြိုတင်သတိပေးချက်
(၂) နှစ်အောက်ကလေးများတွင် အသုံးပြုခြင်းအား စာတမ်းများတွင် သေချာ ဖော်ပြထားခြင်းမရှိပါ ။ သို့သော်အဆိုပါ အသက်အရွယ် အုပ်စုတွင်အသုံးပြုခြင်းဖြင့် တက်ခြင်း ၊ အကြောဆွဲခြင်းစသည်တို့ဖြစ်ပေါ်မှုများ အလွန်နည်းသည် ။ အလွန်သော ကလေးငယ်များအတွက် Mezol 500mg ကို အသုံးမပြုသင့်ပါ ။


ဓါတ်မတည့်ကြောင်းဖော်ပြချက်
ဤဆေးတွင်ပါဝင်သော အရာများနှင့် ဓါတ်မတည့်ပါက မသောက်ပါနှင့် ။ ဆေးဓါတ်မတည့်မှုလက္ခဏာများတွင် အရေပြားအကွက်ထခြင်း ၊ ယားယံခြင်း ၊ ဖောယောင်ခြင်းစသည်တို့ပါဝင်သည် ။ Cimetidine ဆေးနှင့် အတူတွဲသောက်ပါက အသဲတွင် mebendazole ဆေး၏ ဇီဝဖြစ်ပျက်မှုစနစ် ကို တားဆီးစေနိုင်ပါသည် ။ ကာလကြည်ရှည်သောက်သုံးလျှင် သွေးရည်ကြည်ထဲတွင် ဆေးရောက်ရှိမှုသိပ်ဆည်းဆ များနိုင်ပါသည် ။