Pacific-AA Online Shop | Woods' Peppermint Antitussive Detail
-5% Woods' Peppermint Antitussive

Woods' Peppermint Antitussive

14,250 Kyats 13,537 Kyats

ကမ္ဘာကျော် ချောင်းဆိုးပျောက်ဆေး "ဝုဒ်"

•  လည်ချောင်းယားပြီး ချောင်းဆိုးခြင်းအတွက် Woods'အနီ၊ ချွဲသလိပ်ကြပ်ပြီး ချောင်းဆိုးခြင်း
အတွက်Woods'အပြာ စသည်ဖြင့် ချောင်းဆိုးခြင်းအမျိုးမျိုးကို အချိန်တိုအတွင်း ထိရောက်စွာ
သက်သာပျောက်ကင်းစေတဲ့ ကမ္ဘာကျော်ချောင်းဆိုးပျောက်ဆေးရည် ဖြစ်ပါသည်။ 

•  ကလေး အသက် ၆-၁၂ နှစ်အထိ တစ်ခါသောက် လျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တစ်နေ့ ၃ ကြိမ် သောက်နိုင်သည်

•  လူကြီး နှင့် အသက် ၁၂ နှစ်အထက် ကလေးများ တစ်ခါသောက် လက်ဖက် ရည်ဇွန်း ၂ ဇွန်း၊ တစ်နေ့ ၃ ကြိမ်အထိသောက်နိုင်သည် (သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်း သောက်နိုင်ပါသည် ။


Promotion Period: 09-09-2026 to 15-09-2026
*WOODS’ 5% OFF ONLINE PROMOTION * ချောင်းဆို ချောင်းခြောက်အမျိုးမျိုးချောင်းဆိုးခြင်းနှင့် လည်ချောင်းမအီမသာဖြစ်တာတွေကြောင့် နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်နေပြီလား? **ကမ္ဘာကျော် ချောင်းဆိုးပျောက်ဆေး WOODS’** က ချောင်းဆိုးခြင်းနှင့် ဆက်စပ်လက္ခဏာများ သက်သာစေရန် အိမ်တိုင်းမှာ အဆင်သင့်ထားနိုင်တဲ့ ကမ္ဘာကျော် ချောင်းဆိုးပျောက်ဆေး "ဝုဒ်" ပါ။ WOODS’ Peppermint Antitussive – ချောင်းခြောက်ဆိုးခြင်းအတွက် WOODS’ Peppermint Expectorant – ချွဲသလိပ်ပါသော ချောင်းဆိုးခြင်းအတွက် WOODS’ Peppermint Lozenges – လည်ချောင်းယားခြင်း လည်ချောင်းနာခြင်း လည်ချောင်းမအီမသာဖြစ်ခြင်းနှင့် ချောင်းဆိုးခြင်းအတွက် အခုတော့ **WOODS’** ကို အထူး Online Promotion နဲ့ ဝယ်ယူနိုင်ပါပြီ။ 🎉 🎁 **WOODS’ မည်သည့် Product 1 ဘူး ဝယ်ယူသည်ဖြစ်စေ 5% OFF** 📅 **Promotion Period – 9.9.2026 မှ 15.9.2026 အထိ** 🛒 **ယခု Promotion ကို Pacific AA eCommerce Online Shop တွင်သာ ဝယ်ယူရရှိနိုင်ပါသည်။** ရာသီဥတုအပြောင်းအလဲကြောင့် ချောင်းဆိုးခြင်းတွေ ဖြစ်လာချိန်မှာ အိမ်သုံးဆေးဝါးအဖြစ် အဆင်သင့်ထားနိုင်ဖို့ ဒီတစ်ပတ် Promotion အတွင်း WOODS’ ကို အထူးဈေးနှုန်းနဲ့ ဝယ်ယူထားနိုင်ပါပြီ။

Dextromethorphan HBr 7.5 mg
Diphenhydramine HCL 12.5 mg

ထားသိုသိမ်းဆည်းပုံအညွှန်း
၃၀ ဒီဂရီစင်တီဂရိတ်  အောက်တွင် ထားရမည် ။ အလင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ရမည် ။ အဖုံးအားတင်းကြပ်စွာ ဖုံးအုပ်ပါ ။ ကလေးငယ်များနှင့် ဝေးသော နေရာတွင်ထားပါ ။


ကြိုတင်သတိပေးချက်
•    အရက်သောက်ထားသူများ (သို့မဟုတ် ) စိတ်ငြိမ်ဆေးသောက်ထားသူများ အထူးသတိပြုသောက်သုံးသင့်ပါသည် ။
•    ဤဆေးအားသောက်ထားစဉ်အတွင်း ယာဉ်မောင်းနှင်ခြင်း (သို့မဟုတ်) စက်ပစ္စည်းအကြီးစားများ ကိုင်တွယ်အသုံးပြုခြင်း ရှောင်ရှားသင့်ပါသည် ။
•    ချွဲသလိပ်များနှင့်ချောင်းဆိုးခြင်းအတွက်အသုံးမပြုသင့်ပါ ။
•    (၃) ရက်ထက်ကျော်ပြီး ချောင်းဆိုးနေပါက ဆရာဝန်၏ ညွှန်ကြားချက်ကို ရယူရပါမည် ။
•    ဆရာဝန်၏ ညွှန်ကြားချက်မပါပဲ အသက် (၆) နှစ်အောက်ကလေးငယ်များတွင်အသုံးမပြုရ ။
•    အကယ်၍ လူနာသည် မှိန်းခွေခြင်း အောက်ဆီဂျင်ပြတ်ခြင်း ချိနဲ့ခြင်းရှိပါကအထူးသတိထားသင့်ပါသည် ။
•    အသည်းမကောင်းသော လူနာများ သတိပြုသောက်သုံးရပါမည် ။
•    ဆေးအချိန်အဆများစွာသောက်သုံးပါက အသက်ရှုလမ်းကြောင်းနှင့်ဦးနှောက်အာရုံကြောဆိုင်ရာ ချို့ယွင်းမှုဖြစ်ခြင်း သို့မဟုတ် ပန်းနာရင်ကြပ်ကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်စေနိုင်သည် ။


မသောက်သုံးသင့်သောသူများ
ကိုယ်ဝန်ဆောင်သည် နှင့်နို့တိုက်မိခင်များ ၊ ဆေးတွင်ပါဝင်သော ဓါတ်ပစ္စည်းများအား ဓါတ်မတည့်သောသူများ ၊ ရေတိမ်ရှိသူများ ၊ ပန်းနာရင်ကြပ်ရှိသူများ ၊ အသက်ရှုလမ်းကြောင်းချို့ယွင်းမှုရောဂါရှိသူများ မသောက်သုံးသင့်ပါ ။


ဓါတ်မတည့်ကြောင်းဖော်ပြချက်
ဤဆေးတွင်ပါဝင်သော အရာများနှင့် ဓါတ်မတည့်သူများမသောက်သုံးသင့်ပါ ။ စိတ်ကျရောဂါကုဆေးများနှင့်အတူတွဲ၍ သောက်သုံးပါက ဦးနှောက်အာရုံကြောဆိုင်ရာလှုံ့ဆော်မှုဖြစ်စေနိုင်ပြီး ပြင်းထန်စွာ အသက်ရှုခက်ခဲခြင်းကိုဖြစ်စေနိုင်ပါသည် ။