Certec

9,100 Kyats

အိပ်ငိုက်မှုနည်းပြီးနှာမွှန်နှာရည်ယိုခြင်းကို အချိန်တိုအတွင်းသက်သာစေသော နှာမွှန်ပျောက်ဆေးဖြစ်သည် ။

ယားယံခြင်းနှင့်ဓါတ်မတည့်ခြင်းများကို လျှင်မြန်စွာသက်သာစေနိုင်ပါသည် ။

သုံးစွဲပုံအညွှန်း
အသက် (၆) နှစ်အောက်ကလေးနှင့်လူကြီး : တစ်ခါသောက် လျှင် 5-10 မီလီဂရမ် တစ်နေ့တစ်ကြိမ် ရောဂါလက္ခဏာ ပြင်းထန်မှုအပေါ်မူတည်၍ သောက်နိုင်ပါသည် ။
(သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည် ။

Cetirizine Dihydrochloride 10mg

ထားသိုသိမ်းဆည်းပုံအညွှန်း
အခန်းအပူချိန်တွင်ထားပါ ။ အလင်းနှင့်တိုက်ရိုက်မထိအောင်ကာကွယ်ပါ ။


ကြိုတင်သတိပေးချက် နှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်
မသောက်သုံးသင့်သူများ
Certec ဆေးအား ပါဝင်သောဓါတ်ပစ္စည်းနှင့်ဓါတ်မတည့်သူများ မသောက်သုံးသင့်ပါ ။ Certec တွင်ပါဝင်သော ဓါတ်ပစ္စည်းသည် နို့ရည်မှ တဆင့်စစ်ထုတ်နိုင်သောကြောင့် နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ ။
သတိထားရမည့်အချက်များ
ယာဉ်မောင်းနေစဉ်အတွင်း သို့မဟုတ် စက်ပစ္စည်းအကြီးစားများအားကိုင်တွယ်နေစဉ်အတွင်း Certec ဆေးအား သတ်မှတ်ထားသော ဆေးညွှန်းထက်ကျော်လွန်၍ မသောက်သုံးသင့်ပါ ။
ကိုယ်ဝန်ဆောင်သည်များ
ကိုယ်ဝန်ဆောင်သည်များတွင် CERTEC အသုံးပြုခြင်းအား စမ်းသပ်ထားခြင်းမရှိပါ ။ ကိုယ်ဝန်ဆောင်သည်များတွင် တခြားဆေးများနှင့် ပေါင်း၍ သောက်ခြင်းအား ရှောင်သင့်ပါသည် ။


ဆေးအချိန်အဆများခြင်း
လူကြီးများတွင် ဆေးအချိန်အဆများပါက မှိန်းခြင်းလက္ခဏာဖြစ်နိုင်ပြီးကလေးများတွင် ဂဏာမငြိမ်ဖြစ်ခြင်း စိတ်လှုပ်ရှားခြင်း စသည်တို့ဖြစ်စေနိုင်သည် ။ အလွန်အမင်း ဆေးအချိန်အဆများပါက သင့်လျှော်သော ထောက်ပံ့ကုသမှုများဖြင့်ပေါင်းစပ်ကာ အစာအိမ်ဆေးခြင်းအား ပြုလုပ်သင့်သည် ။ ဖြေဆေးသီးသန့်မရှိပါ ။