Certec Syrup

5,650 Kyats

ကလေးငယ်များအတွက် အိပ်ငိုက်မှုနည်းစေပြီး နှာမွှန်နှာရည်ယိုခြင်းကို အချိန်တိုအတွင်းထိရောက်စွာ သက်သာစေသော နှာမွှန်ပျောက်ဆေးရည်ဖြစ်ပါသည် ။

အကြောင်းအမျိုးမျိုးကြောင့် ယားယံခြင်းနှင့်ဓါတ်မတည့်ခြင်းများကို လျှင်မြန်စွာသက်သာစေနိုင်ပါသည် ။

သုံးစွဲပုံအညွှန်း
အသက် (၂) နှစ်အောက်ကလေးများ ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ရန် ။
အသက် ၂ နှစ်မှ ၆ နှစ် အထိ - 2.5ml တစ်နေ့တစ်ကြိမ် သောက်ရန် ၊ အလိုအပ်ပါက 5ml တစ်နေ့ တစ်ကြိမ် ( သို့မဟုတ် ) 2.5ml တစ်နေ့  ၂ကြိမ်သောက်ရန် ။
အသက် ၆ နှစ် နှင့် အထက်လူကြီးများ - 5ml (သို့မဟုတ် ) 10ml တစ်နေ့တစ်ကြိမ် ရောဂါအခြေအနေပေါ်မူတည်ပြီးသောက်နိုင်ပါသည် ။ ၂၄ နာရီအတွင်း 10 ml ထပ်ပိုမသောက်ရ ။


Cetirizine Hydrochloride 1mg/ml

ထားသိုသိမ်းဆည်းပုံအညွှန်း
အခန်းအပူချိန်တွင်ထားပါ ။ အလင်းနှင့်တိုက်ရိုက်မထိအောင်ကာကွယ်ပါ ။


ကြိုတင်သတိပေးချက် နှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်
မသောက်သုံးသင့်သူများ
Certec ဆေးရည်တွင်ပါဝင်သောဓါတ်ပစ္စည်းနှင့်ဓါတ်မတည့်သူများ မသောက်သုံးသင့်ပါ ။ Certec တွင်ပါဝင်သော ဓါတ်ပစ္စည်းသည် နို့ရည်မှ တဆင့်စစ်ထုတ်နိုင်သောကြောင့် နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ ။


သတိထားရမည့်အချက်များ
ယာဉ်မောင်းနေစဉ်အတွင်း သို့မဟုတ် စက်ပစ္စည်းအကြီးစားများအားကိုင်တွယ်နေစဉ်အတွင်း Certec ဆေးအား သတ်မှတ်ထားသော ဆေးညွှန်းထက်ကျော်လွန်၍ မသောက်သုံးသင့်ပါ ။
ကိုယ်ဝန်ဆောင်သည်များ
ကိုယ်ဝန်ဆောင်သည်များတွင် CERTEC အသုံးပြုခြင်းအား စမ်းသပ်ထားခြင်းမရှိပါ ။ ကိုယ်ဝန်ဆောင်သည်များတွင် တခြားဆေးများနှင့် ပေါင်း၍ သောက်ခြင်းအား ရှောင်သင့်ပါသည် ။


ဆေးအချိန်အဆများခြင်း
လူကြီးများတွင် ဆေးအချိန်အဆများပါက မှိန်းခြင်းလက္ခဏာဖြစ်နိုင်ပြီးကလေးများတွင် ဂဏာမငြိမ်ဖြစ်ခြင်း စိတ်လှုပ်ရှားခြင်း စသည်တို့ဖြစ်စေနိုင်သည် ။ အလွန်အမင်း ဆေးအချိန်အဆများပါက သင့်လျှော်သော ထောက်ပံ့ကုသမှုများဖြင့်ပေါင်းစပ်ကာ အစာအိမ်ဆေးခြင်းအား ပြုလုပ်သင့်သည် ။ ဖြေဆေးသီးသန့်မရှိပါ ။