Kotase

Kotase

ကိုတေ့စ် အရောင်ကျဆေးတွင် ဘရိုမီလိန်းနှင့် ထရစ်ပစင် ပါဝင်ပြီး ရောင်ရမ်းနေသော ဆဲလ်များကို အရောင်ကျစေသော အာနိသင်ရှိပါသည် ။

ဖောရောင်ခြင်း ၊ ရောင်ရမ်းခြင်း ၊ နာကျင်ခြင်း ၊ အရိုးနှင့်ကြွက်သားများ ရောင်ခြင်း ၊ ခွဲစိတ်ပြီးစ ရောင်ရမ်းနာကျင်သော အခြေအနေများတွင်အသုံးပြုနိုင်ပါသည် ။


သုံးစွဲပုံအညွှန်း
•    လူကြီး : စစချင်း တစ်ခါသောက်လျှင် (၂) လုံး တစ်နေ့ (၄) ကြိမ်နေ့စဉ်သောက်ရန် ။
•    နောက်ပိုင်းတွင် တစ်ခါသောက် (၁) လုံး တစ်နေ့ (၄) ကြိမ်နေ့စဉ်သောက်ရန်
•    ဆေးအချိန်အဆကို လူနာ၏အသက်အရွယ်နှင့် ကိုယ်အလေးချိန်ပေါ်မူတည်၍ ချိန်ဆနိုင်ပါသည် ။ (သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည် ။


ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Bromelain 40mg
Trypsin 1 mg

ထားသိုသိမ်းဆည်းပုံအညွှန်း
လေလုံသော ဘူးထဲတွင် တင်းကျပ်စွာ သိမ်းဆည်းရမည်။  အခန်းအပူချိန်တွင် ထားရှိရပါမည် ။


ကြိုတင်သတိပေးချက် နှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်

၁ ။ ပိုးဝင်ခြင်းရှိပါက သင့်တော်သော ပိုးသတ်ဆေး (သို့မဟုတ် ) ဓါတုကုထုံးဆေးဝါးများကို ပေါင်းစပ်၍ပေးနိုင်ပါသည် ။
၂။ ပြင်းထန်သော အသည်းနှင့်ကျောက်ကပ်ပျက်စီးသော ရောဂါရှိသူများ ၊ သွေးခဲခြင်းမူမမှန်ခြင်းကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းအနာများ ၊ နှလုံးကြွက်သားကျုံ့ခြင်း ၊ အသည်းခြောက်ရောဂါရှိသူများ  မသောက်သုံးသင့်ပါ ။