Eyecool

9,660 Kyats

ယခုစျေးနှုန်းသည် Commercial Tax (5%) ပါဝင်ပီးဖြစ်ပါသည်


EyeCool Eye Drops (1ml) တွင် Aminocarporic acid 10mg ,Neostigmine methylsulfate 0.02mg,Naphazoline hydrochloride 0.02mg နှင့် Chlorpheniramine maleate 0.1mg ပါဝင်ပါသည်။

အသုံးပြုနိုင်သော အခြေအနေများ 
မျက်စိ၊မျက်ရိုးညောင်းညာကိုက်ခဲ ယားယံခြင်း၊
မျက်လုံးညောင်းခြင်း၊
မျက်စိပူခြင်း(Eyestrain)၊
မျက်မြှေးအတွင်းသွေးစုခြင်း(Conjunctivalcongestion)၊
အမြင်ဝါးခြင်း(Blurredvision)၊
နေလောင်၍မျက်စိနာခြင်း(Ophthalmia)၊
မျက်ခွံရောင်ခြင်း(Blepharitis)။
မျက်လုံးယားခြင်း(Eye itching) ၊
မျက်ကပ်မှန်တပ်ထားသူများ (Hard contact lenses wearers)

အသုံးပြုပုံ :
EyeCool Eye Drops အား တစ်ခါထည့်လျှင် (၁)စက် - (၂)စက်နှုန်း ဖြင့် တစ်နေ့လျှင် (၅)ကြိမ် မှ (၆)ကြိမ် ထည့်နိုင်သည်။

(သို့မဟုတ်) ဆရာဝန်ညွှန်ကြားသည့်အတိုင်းမျက်စဉ်းခပ်ပါ

Acid aminocaproic 10mg
Neostigmine methylsulfate 0.02mg
Naphazoline hydrochloride 0.02mg
Chlorpheniramine maleate 0.1mg

ထားသိုသိမ်းဆည်းပုံအညွှန်း
•    ကလေးများနှင့်ဝေးသောနေရာတွင်ထားပါ ။
•    လေလုံသောဘူးတွင်တင်းကြပ်စွာ ပိတ်ထားပါ ။ အခန်းအပူချိန်တွင်ထားပါ  ။


ကြိုတင်သတိပေးချက် နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်
အသုံးမပြုသင့်သည့်လူများ
•    ဤဆေးတွင်ပါဝင်သော ဓါတ်ပစ္စည်းများကို ဓါတ်မတည့်သူများ အသုံးမပြုသင့်ပါ ။
•    ကလေးငယ်များတွင်အသုံးပြုလိုပါက ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ အသုံးပြုရပါမည် ။
သတိပေးချက်
•    ဤဆေးအား အလွန်အကျွံအသုံးပြုပါက မျက်စိယောင်ခြင်းစပ်ခြင်းပိုဆိုးလာနိုင်ပါသည် ။ သတ်မှတ်ထားသော ဆေးညွှန်းအတိုင်းသာ အသုံးပြုရမည်ဖြစ်သည် ။
•    မျက်စိအမြင်အာရုံေ၀ဝါးခြင်း ပြန်ကောင်းလာခြင်းမရှိပါက ဆေးသုံးစွဲခြင်းအား ရပ်ပြီး ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်ပြသရပါမည် ။
•    အကယ်၍ မျက်စဉ်းသည် အဝတ်အထည်များအပေါ် မတော်တဆ ဖိတ်စင်မှုဖြစ်ပါက ရေဖြင့်ဆေးကြောကာ သန့်စင်နိုင်ပါသည် ။
ကိုယ်ဝန်ဆောင်သည်နှင့် နို့တိုက်မိခင်များ
•    ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ မျက်စဉ်းခပ်သင့်ပါသည် ။