Pacific-AA Online Shop | Hameron Detail

Hameron

ယခုစျေးနှုန်းသည် Commercial Tax (5%) ပါဝင်ပီးဖြစ်ပါသည်

Hameron Eye Drops (5ml) တွင် Sodium hyaluronate 5mg ပါဝင်ပါသည်။
Sodium hyaluronate သည် eyes lubricant တစ်မျိုးဖြစ်ပြီး cornea မျက်နှာပြင်ကို မျက်ရည်ကဲ့သို့ စိုစွတ်ချောမွေ့စေသည်။
မျက်သားခြောက်သွေ့ခြင်းကြောင့် နာကျင်ခြင်းများကိုလည်းသက်သာစေသည်။

အသုံးပြုနိုင်သော အခြေအနေများ
မျက်သားခြောက်သွေ့ခြင်း(Dry eye) မျက်ကပ်မှန်တပ်ထားသူများနှင့်  မျက်လုံးအတွင်းတိမ်ခွဲထုတ်ရာ တွင်လည်း အသုံးပြုနိုင်သည်။ 

အသုံးပြုပုံ 
Hameron Eye Drops  အား တစ်ခါထည့်လျှင် (၁)စက် ဖြင့် တစ်နေ့လျှင် (၅)ကြိမ် မှ (၆)ကြိမ် အထိ ထည့်နိုင်သည်။

(သို့မဟုတ် ) ဆရာဝန်ညွှန်ကြားသည့်အတိုင်း မျက်စဉ်းခပ်ပါ

ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Sodium hyaluronate 5mg

ထားသိုသိမ်းဆည်းပုံအညွှန်း
ကလေးများနှင့်ဝေးသောနေရာတွင်ထားပါ ။
လေလုံသောဘူးတွင်တင်းကြပ်စွာ ပိတ်ထားပါ ။ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက်တွင်ထားပါ ။


ကြိုတင်သတိပေးချက် နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်
အသုံးမပြုသင့်သည့်လူများ
-    ဤဆေးတွင်ပါဝင်သော ဓါတ်ပစ္စည်းများကို ဓါတ်မတည့်သူများ အသုံးမပြုသင့်ပါ ။
မျက်စဉ်းခပ်စဉ်သတိပေးချက်
•    မျက်စဉ်းခပ်ဆေးအနေနှင့်သာအသုံးပြုရမည် ။
•    မျက်စဉ်း၏ ပြွန်ထိပ်နှင့် မျက်သားမျက်နှာပြင်အားထိတွေ့ခြင်းမပြုရ ။
•    မျက်စဉ်းခပ်နေစဉ်အတွင်းမျက်ကပ်မှန်တပ်ဆင်ထားခြင်းမပြုရပါ ။
ကိုယ်ဝန်ဆောင်သည်နှင့် နို့တိုက်မိခင်များ
•    ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ မျက်စဉ်းခပ်သင့်ပါသည် ။
ယာဉ်မောင်းနေစဉ်နှင့်စက်ပစ္စည်းအကြီးစားများကိုင်တွယ်အသုံးပြုခြင်းအား ဤဆေးမှ မည်သည့်အကျိုးသက်ရောက်မှုမှမရှိပါ ။