Iris

9,700 Kyats

Iris Eye Drops 1ml တွင် Hypromellose....3mg နှင့် Dextran 70....1mg ပါဝင်ပါသည်။ 

Hypromellose နှင့် Dextran 70 သည်  eye lubricant များဖြစ်ပြီး မျက်ရည်ကဲ့သို့ မျက်လုံးကိုစိုစွတ်စေသောကြောင့်
မျက်သားခြောက်သွေ့မှုကြောင့် ဖြစ်သော မျက်လုံးပူခြင်း၊မျက်စိယားခြင်း၊မျက်လုံးခိုးလိုးခုလုဖြစ်ခြင်းကို လျော့နည်းစေသည်။

အသုံးပြုနိုင်သော အခြေအနေများ
လေ၊ နေရောင်ခြည်၊အပူနှင့် လေအေးပေးစက်ကြောင့် မျက်သားခြောက်သူများ
မျက်ရည်အထွက်နည်းသောကြောင့်မျက်သားခြောက်သောသူများ(Dry eye)
မျက်ကြည်နှင့် မျက်မြှေးခြောက်သွေ့ရောင်ရမ်းနေသူများ (Drying and imflammation of Cornea & Conjunctiva of Eyes)
ကွန်ပျူတာအသုံးများသူများ၊ စာများများဖတ်ရသူများ တွင် လိုအပ်လျှင် အသုံးပြုနိုင်သည်။

တစ်ခါ မျက်စဉ်းခပ်လျှင် တစ်စက် တစ်နေ့လျှင် ၄ ကြိမ်မှ ၅ ကြိမ်အထိအသုံးပြုနိုင်သည် ။
( သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းအသုံးပြုပါရန် ။

Hydroxypropyl methylcellulose (Hypromellose) 3mg
Dextran 70 1mg

ထားသိုသိမ်းဆည်းပုံအညွှန်း
ကလေးများနှင့်ဝေးသောနေရာတွင်ထားပါ ။
လေလုံသောဘူးတွင်တင်းကြပ်စွာ ပိတ်ထားပါ ။ အခန်းအပူချိန် (၁-၃၀ ဒီဂရီစင်တီဂရိတ် ) တွင်ထားပါ  ။


ကြိုတင်သတိပေးချက် နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်
အသုံးမပြုသင့်သည့်လူများ
ဤဆေးတွင်ပါဝင်သော ဓါတ်ပစ္စည်းများကို ဓါတ်မတည့်သူများ အသုံးမပြုသင့်ပါ ။
သတိပေးချက်
•    အကယ်၍ အမြင်အာရုံပြောင်းလဲခြင်း ၊ မသက်မသာဖြစ်ခြင်း ၊ သွေးစီးဆင်းမှုများခြင်း သို့မဟုတ် မျက်ရည်ခမ်းခြောက်ခြင်းများ ၇၂ နာရီကျော်အောင်ဖြစ်ပေါ်နေပါက ဆေးသုံးစွဲခြင်းအားရပ်ပြီး ဆရာဝန် (သို့မဟုတ် ) ဆေးဝါးပညာရှင်နှင့်ပြသရပါမည် ။
•    အကယ်၍ မျက်ကပ်မှန်တပ်ဆင်ထားသူဖြစ်ပါက မျက်စဉ်းခပ်နေစဉ်အတွင်းမျက်ကပ်မှန်ချွတ်ထားရပါမည် ။ မျက်စဉ်းခပ်ပြီး နာရီဝက်ကြာသည့်အခါ မျက်ကပ်မှန်ပြန်လည်တပ်ဆင်နိုင်ပါသည် ။
•    မတော်တဆသောက်သုံးမိပါက ဆရာဝန်၏ကုသမှုအတိုင်းခံယူရပါမည် ။
•    မျက်စဉ်းဘူးအားဖွင့်ပြီး ရက် ၃၀ ထက်ကျော်အောင်အသုံးမပြုရပါ ။
မျက်စဉ်းခပ်စဉ်သတိပေးချက်
•    မျက်စဉ်းခပ်နေစဉ်အတွင်း မျက်စဉ်း၏ပြွန်ထပ်နှင်မျက်သားအားထိတွေ့ခြင်းမပြုရ ။
•    မျက်စဉ်းသည် ပျစ်ခဲနေပါက အသုံးမပြုရ ။
•    ပိုးဝင်ခြင်းမရှိစေရန်အတွက် အခြားသူများနှင့်ရော၍ အသုံးမပြုရပါ ။