Pacific-AA Online Shop | Tearidone Detail

Tearidone

8,800 Kyats

Tearidone Eye Drops (1ml) တွင် Povidone 20mg ပါဝင်ပါသည်။
Povidone သည် Soothing agent (အေးမြချောမွေ့ စေသော ပစ္စည်း)ဖြစ်ပြီး မျက်လုံး၏ mucous membrane ကို အလွှာတစ်လွှာ အနေဖြင့် ကာကွယ်ပေးသည်။ မျက်လုံးတွင်းယာယံမှုကို သက်သာစေသည်။

အသုံးပြုနိုင်သော အခြေအနေများ :  မျက်သားခြောက်သောသူများ(Dry eye) မျက်ကပ်မှန်တပ်ထားသူများ (wearing in hard contact lenses) အသုံးပြုပုံ : မျက်စိအားခြောက်သွေ့ယားယံခြင်းမှ ကာကွယ်ရန် Tearidone အား တစ်ခါထည့်လျှင် (၁)စက်-(၂)စက် ဖြင့် တစ်နေ့လျှင် (၄)ကြိမ် မှ (၅)ကြိမ်အထိထည့်နိုင်သည်။ မျက်သားခြောက်သွေ့မှု၊ယားယံမှုပေါ်တည်၍ ဆေးအချိန်အဆကွာခြားနိုင်သည်။ ( သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းအသုံးပြုပါရန် ။

Povidone 20mg

ထားသိုသိမ်းဆည်းပုံအညွှန်း
•    ကလေးများနှင့်ဝေးသောနေရာတွင်ထားပါ ။
•    အလင်းနှင့်တိုက်ရိုက်မထိအောင်ကာကွယ်ပြီး အေးမြ၍ ခြောက်သွေ့သောနေရာတွင်ထားပါ ။
•    ဆေး၏အရည်အသွေးကိုထိမ်းသိမ်းရန်နှင့်ဆေးမှားအသုံးပြုခြင်းကို ကာကွယ်ရန်အတွက် မူရင်းဆေးဘူးအားမပြောင်းလဲရ ။


ကြိုတင်သတိပေးချက် နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်
အသုံးမပြုသင့်သည့်လူများ
•    Benzalkonium chloride ဆေးကို ဓါတ်မတည့်သူများ အသုံးမပြုသင့်ပါ ။


ယေဘူယျ သတိပေးချက်
•    မျက်စဉ်းခပ်နေစဉ်အတွင်း မျက်ကပ်မှန်တပ်ဆင်ထားခြင်းမပြုရပါ ။


မျက်စဉ်းခပ်စဉ်သတိပေးချက်
•    မျက်စဉ်းခပ်ဆေးအနေနှင့်သာအသုံးပြုရမည် ။
•    မျက်စဉ်း၏ ပြွန်ထိပ်နှင့် မျက်သားမျက်နှာပြင်အားထိတွေ့ခြင်းမပြုရ ။
•    ပိုးဝင်ခြင်းမှ ကာကွယ်ရန်အတွက်မျက်စဉ်းအားအခြားသူများနှင့်တွဲ၍ အသုံးပြုခြင်းမပြုလုပ်ရ ။