Nature’s Immune EpiCor
- Category: ကိုယ်ခံအားတက်စေသောဆေး
- UOM: Box of 3x10's Capsule
7,150 Kyats
7,000 Kyats
EpiCor သည် Saccharomyces cerevisiae (ဆက်ခရိုမိုင်စီး စီရီဗိုင်ဆေး) ဟုခေါ်သောတဆေးမှိုတစ်မျိုးကို သဘာ၀အတိုင်းကဇော်ဖောက်ခြင်းဖြင့် ထုတ်လုပ်ထားသည့် ကိုယ်ခံအားတက်စေသော ဆေးတစ်မျိုးဖြစ်သည်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သည့်အပြင် အအေးမိတုပ်ကွေးနှင့် ဓာတ်မတည့်ခြင်းများအတွက်လည်း အသုံးပြုနိုင်သော ဆေးဖြစ်သည်။
အာနိသင်ပေးပုံ (Action)
Antioxidant protection ကိုမြှင့်တင်ပေးခြင်းဖြင့် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကို ကျန်းမာစေရန် မြှင့်တင်ထိန်းညှိပေးနိုင်သည်။
(Maintain healthy immune system) ရာသီအကူးအပြောင်း အအေးမိခြင်းနှင့်ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော နှာစေးခြင်း နှာချေခြင်း နှာပိတ်ခြင်း တို့ကိုသက်သာသည်။
အသုံးပြုနိုင်သည့်ရောဂါများ
(Indication)
ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးရန် အအေးမိတုပ်ကွေးကြောင့်ဖြစ်သော ရောဂါလက္ခဏာများ (cold & flu symptoms) ကိုသက်သာစေရန်၊
- Healthy Immune System Support
- Cold & flu symptoms relief
ဆေးအသုံးပြုပုံ (Dosage)
လူကြီး- တစ်နေ့လျှင် ဆေး(၁)တောင့် နေ့စဉ် အစာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သောက်နိုင်ပါသည်။ (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင်ပါသည်။

In stock
Dried Yeast Fermentate (Epicor) | 500 mg |
သတိပြုရန်အချက်များ (Precautions)
Nature’s Immune EpiCor သည် ယေဘူယျအားဖြင့် ဘေးအန္တရာယ်ကင်းစိတ်ချရသော်လည်း ၁၀နှစ်အောက်ကလေးများ၊ ဆရာဝန်နှင့်ဆေးကုသမှုခံယူနေသောလူနာများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်သင့်ပါသည်။
ဆေးသောက်ပြီးနောက် အန်ခြင်း၊ ပျို့ခြင်း၊ ဝမ်းသွားခြင်း (သို့) ဗိုက်အောင့်ခြင်းများ ဖြစ်ပေါ်ပါက ဆေးသောက်ခြင်းအားရပ်ပြီး ဆရာဝန်နှင့်ပြသပါ။