Paclozol
- Category: အရေပြားလိမ်းဆေးခရင်မ်များ
- UOM: 15g Tube
4,750 Kyats
• Paclozol လိမ်းဆေးသည် ပွေးရောဂါ၊ ညှင်းရောဂါများ၊ အရေပြားတွင်ဖြစ်သော မှက္ခရုရောဂါ၊ သဲဝဲစား၊ ရေဝဲစားရောဂါများ သက်သာစေပါသည်။
• အရေပြားတွင် မှိုစွဲကပ်ခြင်းကြောင့် ဖြစ်သော ပွေး၊ သဲဝဲ၊ ညှင်း၊ ဒက် နှင့် ယားနာအမျိုးမျိုး အတွက် အစွမ်းထက် လိမ်းဆေး “ ပက်ကလိုဇော ခရင်(မ်)”လိမ်းဆေးကို သင့်တင့်သော ပမာဏယူ၍ အနာဖြစ်သော ဧရိယာသို့ တစ်နေ့ ၂ ကြိမ်၊ ၄ ပတ်ခန့် လိမ်းရန် (သို့) ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိမ်းနိုင်ပါသည်။
Clotrimazole BP | 1% w/w |
Benzyl Alcohol BP | 1.5% w/w |
ထားသိုသိမ်းဆည်းပုံအညွှန်း
အခန်းအပူချိန် 25 ဒီဂရီ စင်တီဂရိတ်ထက်မကျော်ပဲထားပါ ။
ကြိုတင်သတိပေးချက်နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်
ဤဆေးတွင်ပါဝင်သော Clotrimazole ဆေးအားဓါတ်မတည့်ခြင်းရှိပါက မသုံးစွဲသင့်ပါ ။
သတိပြုရန်အချက်များ
• မျက်လုံးထဲ တွင်အသုံးမပြုရ ။ ရောဂါလက္ခဏာများ သက်သာပြီး နောက် အနည်းဆုံး (၂) ပတ်မှ (၄) ပတ်ခန့် ဆေးဆက်လိမ်းရန်လိုပါသည် ။
• ဆရာဝန်ညွှန်ကြားချက်နှင့်အသုံးပြုသင့်ပါသည် ။ အသက် (၂) နှစ်အောက်ကလေးများတွင်အသုံးမပြုသင့်ပါ ။
• ခြေဝဲ သဲဝဲ နှင့် ပွေးရောဂါများအတွက် ၄ ပတ်အတွင်း တိုးတက်မှုမရှိပါ (သို့မဟုတ် ) အရေပြားမသက်မသာဖြစ်ခြင်းများရှိပါက ဆေးအား ဆက်လက်အသုံးမပြုပါနှင့် ။
• လိမ်းဆေးအနေဖြင့်သာအသုံးပြုရန်ဖြစ်သည် ။
