Mucovan

Mucovan ချွဲပျော်ဆေးသည် စေးပျစ်နေသော ချွဲသလိပ်များကို ကြေစေနိုင်ပြီး ချွဲသလိပ်များ ထွက်ရှိမှုပိုများစေကာ ချွဲသလိပ်ကပ်ခြင်းကိုသက်သာစေပါသည် ။

အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းနှင့်ဆက်နွယ်နေသော ချွဲသလိပ်ကပ်ခြင်း ချွဲထခြင်းများတွင် အသုံးပြုနိုင်ပါသည် ။

သုံးစွဲပုံအညွှန်း

• အစာစားပြီးမှ သောက်ပါ

• ကလေးအသက် (၁၂) နှစ်အထက်နှင့်လူကြီး : (၁) ပြား တစ်နေ့ (၃) ကြိမ်နေ့စဉ်သောက်ရန် ။

• ကလေး အသက် (၆) နှစ်မှ (၁၂ ) နှစ် : ဆေးပြား တစ်ဝက် တစ်နေ့ (၃) ကြိမ်နေ့စဉ်သောက်ရန် ။

• ကလေးအသက် (၂) နှစ်မှ (၆) နှစ်အောက် : ဆေးပြား တစ်ဝက် တစ်နေ့ (၂) ကြိမ်နေ့စဉ်သောက်ရန် ။

• ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်နိုင်ပါသည် ။

ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Bromhexine HCL 8mg

ထားသိုသိမ်းဆည်းပုံအညွှန်း

အေးမြခြောက်သွေ့သောနေရာတွင်ထားပါ ။ အလင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ ။

ကြိုတင်သတိပေးချက်

ချွဲသလိပ်အရည်များထွက်ရှိမှု ပိုများလာနိုင်ကြောင်း ဆေးသောက်သူများအား ကြိုတင်၍ သတိပေးထားရပါမည် ။

ဓါတ်မတည့်ကြောင်းဖော်ပြချက်

• ဤ ဆေးအား ဓါတ်မတည့်သောလူနာများ မသောက်သုံးသင့်ပါ ။ ကိုယ်ဝန်ဆောင် နှင့်နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ ။

• ပိုးသတ်ဆေးများဖြစ်သော (Amoxicillin , Cefuroxime , Erythromycin , Doxycycline ) ဆေးများနှင့် အတူတွဲသောက်ပါက အဆုတ်တစ်ရှူးများတွင် ပိုးသတ်ဆေး စုစည်းမှု မြင့်တက်စေနိုင်သည် ။