Pacific-AA Online Shop | Musol Capsule Detail

Musol Capsule

50,970 Kyats

ချွဲသလိပ်ကြေပြီးချောင်းဆိုးကင်းစေသော အစွမ်းထက် 'မြူဆောလ်'


• ချွဲသလိပ်များဖြင့် ပြည့်နေသော ချောင်းဆိုးခြင်းများ၊ ချွဲခပ်ထုတ်ရ ခက်ခဲသော အခြေအနေများတွင် အသုံးပြုနိုင်သော ချွဲသလိပ်ကြေပြီးချောင်းဆိုးကင်းစေသော အစွမ်းထက် မြူဆောလ် ချွဲပျော်ဆေးဖြစ်သည် ။

• ဆေးတောင့်နှင့် ဆေးမှုန့် ၂ မျိုးပုံစံဖြင့်ရနိုင်သည် ။


• လူကြီး နှင့် ကလေး အသက် ၇ နှစ်အထက် -တစ်ခါသောက် ၁ တောင့်၊ တစ်နေ့ ၃ ကြိမ်




Promotion Period: 03-04-2026 to 20-04-2026
MUSOL ရဲ့ နှစ်သစ်ကူး သတင်းကောင်း 🎁🎉 ဒီနှစ်သင်္ကြန်မှာတော့ အားလုံးအတွက် MUSOL က သတင်းကောင်းလေး ယူဆောင်လာပါပြီနော်… Musol နဲ့အတူ သင်္ကြန်ရက်တိုင်းကိုအားအပြည့်နဲ့ ကဲနိုင်ဖို့အတွက် Musol ဆေးဘူးတွေကို ကုမ္မဏီတိုက်ရိုက် စျေးနှုန်း အတိုင်းရောင်းချပေးနေပါကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်ရှင့်…. ✨ MUSOL Facebook Page (သို့မဟုတ်) Pacific AA Online Shop Website မှာ MUSOL Capsule ကို ကုမ္ပဏီတိုက်ရိုက် ရောင်းဈေးနဲ့ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

N-Acetylcysteine 200 mg

ထားသိုသိမ်းဆည်းပုံအညွှန်း
ခြောက်သွေ့သောနေရာတွင်ထားပါ ။ ၃၀ ဒီဂရီ စင်တီဂရိတ် ထက်မကျော်သော အပူချိန်တွင်ထားပါ ။ အလင်းမှ ထိတွေ့ခြင်းအားကာကွယ်ပါ ။


ကြိုတင်သတိပေးချက်
•    ပန်းနာရင်ကြပ်ရောဂါရှင်များ အား ဤဆေးသောက်နေစဉ်အတွင်း တင်းကြပ်စွာ စောင့်ကြည့်သင့်ပါသည် ။ အကယ်၍ အဆုတ်လေပြွန်ကြပ်ခြင်း ဖြစ်ပေါ်လာပါက ဆေးသုံးစွဲမှုအား ချက်ချင်းရပ်ရမည် ။
•    ကလေးနှင့် ကိုယ်ဝန်ဆောင်သည်များ ဆရာဝန်ညွှန်ကြားချက် အတိုင်းသောက်သုံးရမည် ။
•    ချောင်းခြောက်ပျောက်ဆေးအပြင်းများနှင့်တပြိုင်နက်တည်းတွဲသောက်ခြင်းအား ရှောင်ကြဉ်ပါ ။


ဓါတ်မတည့်ကြောင်းဖော်ပြချက်
•    ပန်းနာရင်ကြပ်ရောဂါရာဇဝင်ရှိသူများ မသောက်သင့်ပါ ။
•    အစီတိုင်းစစ်စတင်း (Acetylcysteine )ဆေးအား ဓါတ်မတည့်သူများမသောက်သင့်ပါ ။