Musol Capsule

38,290 Kyats

ချွဲသလိပ်ကြေပြီးချောင်းဆိုးကင်းစေသော အစွမ်းထက် 'မြူဆောလ်'

• ချွဲသလိပ်များဖြင့် ပြည့်နေသော ချောင်းဆိုးခြင်းများ၊ ချွဲခပ်ထုတ်ရ ခက်ခဲသော အခြေအနေများတွင် အသုံးပြုနိုင်သော ချွဲသလိပ်ကြေပြီးချောင်းဆိုးကင်းစေသော အစွမ်းထက် မြူဆောလ် ချွဲပျော်ဆေးဖြစ်သည် ။

• ဆေးတောင့်နှင့် ဆေးမှုန့် ၂ မျိုးပုံစံဖြင့်ရနိုင်သည် ။


• လူကြီး နှင့် ကလေး အသက် ၇ နှစ်အထက် -တစ်ခါသောက် ၁ တောင့်၊ တစ်နေ့ ၃ ကြိမ်
• ကလေး အသက် ၂-၇ နှစ်အတွင်း တစ်ခါသောက် ၁ တောင့်၊ တစ်နေ့ ၂ ကြိမ်
• ကလေး အသက် ၂ နှစ်အောက်- တစ်ခါသောက် ၁ တောင့်၏တစ်ဝက်ကို တစ်နေ့ ၂ ကြိမ်သောက်ရန် ( သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည်။




N-Acetylcysteine 200 mg

ထားသိုသိမ်းဆည်းပုံအညွှန်း
ခြောက်သွေ့သောနေရာတွင်ထားပါ ။ ၃၀ ဒီဂရီ စင်တီဂရိတ် ထက်မကျော်သော အပူချိန်တွင်ထားပါ ။ အလင်းမှ ထိတွေ့ခြင်းအားကာကွယ်ပါ ။


ကြိုတင်သတိပေးချက်
•    ပန်းနာရင်ကြပ်ရောဂါရှင်များ အား ဤဆေးသောက်နေစဉ်အတွင်း တင်းကြပ်စွာ စောင့်ကြည့်သင့်ပါသည် ။ အကယ်၍ အဆုတ်လေပြွန်ကြပ်ခြင်း ဖြစ်ပေါ်လာပါက ဆေးသုံးစွဲမှုအား ချက်ချင်းရပ်ရမည် ။
•    ကလေးနှင့် ကိုယ်ဝန်ဆောင်သည်များ ဆရာဝန်ညွှန်ကြားချက် အတိုင်းသောက်သုံးရမည် ။
•    ချောင်းခြောက်ပျောက်ဆေးအပြင်းများနှင့်တပြိုင်နက်တည်းတွဲသောက်ခြင်းအား ရှောင်ကြဉ်ပါ ။


ဓါတ်မတည့်ကြောင်းဖော်ပြချက်
•    ပန်းနာရင်ကြပ်ရောဂါရာဇဝင်ရှိသူများ မသောက်သင့်ပါ ။
•    အစီတိုင်းစစ်စတင်း (Acetylcysteine )ဆေးအား ဓါတ်မတည့်သူများမသောက်သင့်ပါ ။