Dizestal
- Category: အစာအိမ်နှင့်အူလမ်းကြောင်းဆေးများ
- UOM: 10x10's Tablet
55,787 Kyats
ယခုစျေးနှုန်းသည် Commercial Tax (5%) ပါဝင်ပြီးဖြစ်ပါသည်။
ဒိုင်ဇက်စတဲ အစာကြေဆေးတွင် အစာခြေအင်ဇိုင်း ပန်ခရီရာတင် ၊ ရင်ပူခြင်း စားချဉ့်ပြန်ခြင်းကိုသက်သာပြီးအက်ဆစ်ဓါတ်အထွက်နည်းစေသော အောက်ဇ်ဘိုင်းအိတ်စထရပ် ၊ လေပွခြင်းလေနာခြင်းကိုသက်သာစေသော ဒိုင်မီတီကုန်း အပြင် အူလမ်းကြောင်းပုံမှန်ဖြစ်စေသော ဟန်မီးဆဲလူးလေ့စ်တို့ပါဝင်ပြီး
-အစာမကြေခြင်း
-ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
-အစားအသောက်ပျက်ခြင်း
-ရင်ပူခြင်း အပြင် အစာအိမ်ယောင်ခြင်းတို့အတွက်သောက်သုံးနိုင်ပါသည် ။
သုံးစွဲပုံအညွှန်း
လူကြီး : အစာစားပြီး ဆေး (၁) ပြားမှ (၂) ပြား တစ်နေ့လျှင် (၃) ကြိမ်
ဒိုင်ဇက်စတဲလ်ဆေးပြားအား မျိုချပြီးသောက်သင့်ပါသည် ။ မဝါးစားရ မခြေမွရပါ ။
Pancreatin | 175mg |
Ox bile extract | 25mg |
Dimeticone | 25mg |
Hemicellulase | 50mg |
ထားသိုသိမ်းဆည်းပုံအညွှန်း
၁ ။ ကလေးငယ်များ နှင့်ဝေးသောနေရာတွင်ထားပါ ။
၂ ။ အခန်းအပူအချိန်တွင် တင်းကျပ် သေချာစွာ သိမ်းဆည်းရမည် ။ အလင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ ။
၃ ။ ဆေးမှားယွင်းအသုံးပြုခြင်းနှင့်အရည်အသွေးအာမခံချက်ကိုကာကွယ်ရန်အတွက် ဆေးဘူးအား ပြောင်းလဲမသုံးရပါ ။
ကြိုတင်သတိပေးချက်
ယေဘူယျသတိပေးချက်
၁ ။ သတ်မှတ်ထားသော ဆေးညွှန်းအတိုင်း သာ သောက်ပါ
၂
။ (၂) ပတ်ခန့်သောက်ပြီး မည်သည့်ထူးခြားသောအချက်များ မတွေ့ပါက
ဆေးသောက်ခြင်းအားရပ်ပြီး ဆရာဝန် (သို့မဟုတ်)
ဆေးဝါးပညာရှင်နှင့်တွေ့ဆုံဆွေးနွေးပါ ။
၃ ။ ဤဆေးတွင် အဝါရောင်နံပါတ်
(tartarzine ) ပါဝင်သောကြောင့် အဆိုပါဓါတ်နှင့်မတည့်သောလူနာများ ဆရာဝန်
(သို့မဟုတ်) ဆေးဝါးပညာရှင်နှင့်တိုင်ပင်ပါ ။
အောက်ပါလူနာများအား သေချာ ဂရုပြု၍ သောက်သုံးပါ
• အခြားဆေးသောက်နေရသော သူများ
ဓါတ်မတည့်ကြောင်းဖော်ပြချက်
• ဤဆေးတွင်ပါဝင်သော အရာများအား ဓါတ်မတည့်မှုဖြစ်တတ်သော လူနာများ မသောက်သုံးသင့်ပါ ။
• အသက် (၇) နှစ်အောက်ကလေးငယ်များ မသောက်သုံးရပါ ။
ဘေးထွက်ဆိုးကျိုး
ထူးခြားသော ဘေးထွက်ဆိုးကျိုးမရှိပါ ။