Gelupac

ဂျယ်လူပက် အစာကြေဆေး

ဂျယ်လူပက်တွင် အလူမီနီယမ် ဟိုက်ဒရောဆိုက် နှင့် မက်ဂနီဆီယမ် ဟိုက်ဒရောဆိုက်တို့ပါဝင်ပြီး ရင်ပူခြင်း ၊ အစာမကြေခြင်း ၊ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းများကို သက်သာစေပါသည် ။

သုံးစွဲပုံအညွှန်း
•    လူကြီးနှင့် ကလေးအသက် (၁၂)နှစ်အထက် : ညအိပ်ရာဝင်ချိန် သို့မဟုတ် ဝမ်းဗိုက်မသက်မသာဖြစ်တိုင်း တွင် အစာစားပြီးနောက်ဆေးပြား (၁)ပြား သို့မဟုတ် (၂) ပြား စုပ်ခြင်း (သို့မဟုတ် ) ဝါးစားခြင်းပြုလုပ်နိုင်ပါသည် ။
•    ကလေးအသက် (၅) နှစ်မှ (၁၂)နှစ် :  ညအိပ်ရာဝင်ချိန် သို့မဟုတ် ဝမ်းဗိုက်မသက်မသာဖြစ်တိုင်း တွင် အစာစားပြီးနောက်ဆေးပြား (၁)ပြား စုပ်ခြင်း (သို့မဟုတ် ) ဝါးစားခြင်းပြုလုပ်နိုင်ပါသည် ။
•    ကလေးအသက် (၅) နှစ်အောက်တွင်မသောက်သုံးသင့်ပါ ။
•    အသက်ကြီးသူများတွင် ဆေးညွှန်အချိန်အဆ လျော့သောက်ရန်မလိုအပ်ပါ ။

(သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည် ။




ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Aluminium Hydroxide 200mg
Magnesium Hydroxide 200mg

ထားသိုသိမ်းဆည်းပုံအညွှန်း
•    အေးမြ၍ ခြောက်သွေ့သောနေရာတွင်ထားပါ ။ ကလေးများနှင့်ဝေးသောနေရာတွင်ထားပါ ။


ကြိုတင်သတိပေးချက်နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်
•    ဤဆေးတွင်ပါဝင်သော ဓါတ်ပစ္စည်းအား ဓါတ်မတည့်ခြင်းရှိပါက မသုံးစွဲသင့်ပါ ။ (Phosphate ) ဖေ့စဖိတ်ဓါတ် နည်းခြင်းဖြစ်စေနိုင်ပါသည် ။
သတိပြုရန်အချက်များ
•    ကျောက်ကပ်မကောင်းသော လူနာများ သတိပြု၍ သောက်သုံးသင့်ပါသည် ။ အကယ်၍ (၅) ရက်ကျော်သည်အထိ လက္ခဏာများ ကျန်ရှိနေသေးပါက ဆရာဝန်နှင့်ပြသပါ ။
•    ဤဆေးသည် tetracyclines , chloroquine , penicillamine , phenothiazines နှင့် quinolone ပိုးသတ်ဆေးများ နှင့် တပြိုင်နက်တွဲဖက်အသုံးပြုပါက ၎င်းဆေးများ၏ စုပ်ယူမှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါသည် ။
•    ကိုယ်ဝန်ဆောင်သည်နှင့်နို့တိုက်မိခင်များ အနေဖြင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည် ။