Pacimag Chewable Tablet
- Category: အစာအိမ်နှင့်အူလမ်းကြောင်းဆေးများ
- UOM: Box of 10x10's Tablet
ယခုစျေးနှုန်းသည် Commercial Tax (5%) ပါဝင်ပြီးဖြစ်ပါသည်။
ပက်ဆီမက် အစာကြေဆေး
ပက်ဆီမက်တွင် အလူမီနီယမ် ဟိုက်ဒရောဆိုက်၊ မက်ဂနီဆီယမ် ထရိုင်ဆီလီကိတ် နှင့် ဆီမီသီကုန်း တို့ပါဝင်ပြီး ရင်ပူခြင်း ၊ အစာမကြေခြင်း ၊ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းများအပြင် အစာအိမ်နာ၊ အူသိမ်ဦးပိုင်းအနာကြောင့် ဖြစ်သောရောဂါလက္ခဏာများကို သက်သာစေပါသည် ။
သုံးစွဲပုံအညွှန်း
• လူကြီး : ၁-၂ ပြား နေ့စဉ် တစ်နေ့ ၃ ကြိမ်မှ ၄ ကြိမ်
• ကလေး : ဆေး တစ် ပြား၏ တစ်ဝက် သို့မဟုတ် ၁ပြား တစ်နေ့လျှင် ၃ ကြိမ်
• အစာမစားခင် ၁-၂ နာရီအလို နှင့် ညအိပ်ရာဝင်ခါနီးသောက်ရန်။ ဆေးသောက်နေစဉ် ဆေးအားကြေညက်အောင် ဝါးစားရပါမည်။
• ကလေးအသက် (၅) နှစ်အောက်တွင်မသောက်သုံးသင့်ပါ ။
• အသက်ကြီးသူများတွင် ဆေးညွှန်အချိန်အဆ လျော့သောက်ရန်မလိုအပ်ပါ ။
(သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည် ။
ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။
Aluminium Hydroxide dried gel | 300 mg |
Magnesium Trisilicate | 300 mg |
Simethicone | 50 mg |
ထားသိုသိမ်းဆည်းပုံအညွှန်း
• အေးမြ၍ ခြောက်သွေ့သောနေရာတွင်ထားပါ ။ ကလေးများနှင့်ဝေးသောနေရာတွင်ထားပါ ။
ကြိုတင်သတိပေးချက်နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်
• ဤဆေးတွင်ပါဝင်သော ဓါတ်ပစ္စည်းအား ဓါတ်မတည့်ခြင်းရှိပါက မသုံးစွဲသင့်ပါ ။ (Phosphate ) ဖေ့စဖိတ်ဓါတ် နည်းခြင်းဖြစ်စေနိုင်ပါသည် ။
သတိပြုရန်အချက်များ
• ကျောက်ကပ်မကောင်းသော လူနာများ သတိပြု၍ သောက်သုံးသင့်ပါသည် ။
• ဤဆေးသည် tetracyclines , chloroquine , penicillamine , phenothiazines နှင့် quinolone ပိုးသတ်ဆေးများ နှင့် တပြိုင်နက်တွဲဖက်အသုံးပြုပါက ၎င်းဆေးများ၏ စုပ်ယူမှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါသည် ။
• ကိုယ်ဝန်ဆောင်သည်နှင့်နို့တိုက်မိခင်များ အနေဖြင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည် ။
• အကယ်၍ (၅) ရက်ကျော်သည်အထိ လက္ခဏာများ ကျန်ရှိနေသေးပါက ဆရာဝန်နှင့်ပြသပါ ။ ဆရာဝန်၏ညွှန်ကြားချက်မပါပဲ ၂ ပတ်ဆက်တိုက်သောက်ခြင်းမပြုရပါ။ ဆရာဝန်ညွှန်ကြားချက်မပါပဲ ၂၄ နာရီအတွင်း ဆေးပြား ၁၀ ပြားထက်ပိုမသောက်ရ။
• ၆-နှစ်အောက်ကလေးများတွင် ရောဂါဖြစ်သောအကြောင်းအရာမရှင်းလင်းပါက မသုံးသင့်ပါ။