Aneroid Sphygmomanometer

Aneroid Sphygmomanometer

44,800 Kyats

  • 0-mmHg မှ 300-mmHg အတွင်းပြသပေးနိုင်သော သွေးပေါင်ချိန်တိုင်းကိရိယာဖြစ်ပါသည် ။
  • ဆေးရုံဆေးခန်းများတွင် professional အဖြစ်အသုံးပြုနိုင်သလို ကျောင်းများ ရုံးခန်းများ အိမ်နှင့် ခရီးသွားခြင်းတို့တွင်လည်း အလွယ်တကူ သယ်ဆောင်၍ အသုံးပြုနိုင်သော သွေးပေါင်ချိန်တိုင်းစက်ဖြစ်သည် ။
  • အမျိုးအစား မှာ HS-2000 အမျိုးအစားဖြစ်ပြီး MediVic Singapore Pte Ltd မှ ထုတ်လုပ်ပြီး AA Medical Products Ltd မှ တင်သွင်းဖြန့်ချီပါသည် ။

In stock

Sphygmomanometer 1 pcs

ထိမ်းသိမ်းခြင်း ( Maintenance )

သေချာစွာ ဂရုစိုက်ကိုင်တွယ်ထိမ်းသိမ်းအသုံးပြုပါက နှစ်ပေါင်းများစွာ အသုံးပြုနိုင်သော သွေးပေါင်ချိန်တိုင်းကိရိယာဖြစ်ပါသည် ။ အခြေခံအချက်များမှာ
- အောက်သို့လွှတ်မချရ ထိခိုက်မိခြင်းမပြုရ ။
- 300 mmHg ထက်ပို၍ လေဖြည့်သွင်းခြင်းမပြုရ ။
- ပြင်းထန်သော ဆိုလာရောင်ခြည်နှင့် သွေးပေါင်ချိန်ပတ်ကို ထိတွေ့စေခြင်းမပြုရ ။
- လက်ပတ်သော အထည်သားကို ချွန်ထက်သော အရာများနှင့်ထိတွေ့စေခြင်းမပြုရ ထိခိုက်စုတ်ပြဲခြင်းဖြစ်စေနိုင်သည် ။
- မသိမ်းဆည်းခင် လေအကုန်ထုတ်ပြီးမှ သုံးဆည်းရပါမည်
- မည်သည့်အကြောင်းနှင့်မျှ သွေးပေါင်ချိန်တိုင်းကိရိယာကို တစစီဖြုတ်ခြင်းမပြုရပါ ။

ထားသိုသိမ်းဆည်းပုံအညွှန်း
အပူချန် ၂၀ မှ ၇၀ ဒီဂရီစင်တီဂရိတ်အတွင်း ၊ စိုထိုင်းစ ၈၅% အတွင်း သိမ်းဆည်းထားနိုင်သည် ။ စိုထိုင်းသော အဝတ်ဖြင့် သန့်ရှင်းမှုပြုနိုင်ပါသည် ။ ပိုးသတ်ရန်မလိုပါ ။ အပြင်ပိုင်း သာထိတွေ့ပြီး ခန္ဓာကိုယ်အတွင်းသို့တိုက်ရိုက်မထိတွေ့သောကြောင့်ဖြစ်သည် ။

လေညှစ်ပူပေါင်းကို ဖယ်ထုတ်ပါ ပြီးနောက် ကပ်ခွာ ၊ လေညှစ်ပူပေါင်း နှင့် ပိုက်တို့ကို စိုထိုင်းဝတ်နှင့် သန့်စင်ပါ ။ လက်ပတ်ဝတ်ကို ဆပ်ပြာ ရေအေးနှင့် ပွတ်တိုက်ဆေးကြောနိုင်ပါသည် ။ သို့သော် လက်ပတ်ဝတ်ကို ရေစင်အောင်ဆေးပြီး ပြန်လည်ခြောက်သွေ့အောင်ပြုလုပ်ပြီးမှ အသုံးပြုရန်လိုပါသည် ။