MediBio-Vita Powder (50's)

MediBio-Vita Powder (50's)

MediBio-Vita powder

အူလမ်းကြောင်းပုံမှန်ဖြစ်စေသော ဆေးဖြစ်ပါသည် ။

အသုံးပြုရန်

နို့ဘူးတိုက်နေသော ကလေးငယ်များတွင် အစားအသောက်ပျက်ခြင်း ၊ ဝမ်းဗိုက်ပြည့်ဖောင်းခြင်းစသည့် အူလမ်းကြောင်းဆိုင်ရာပြဿနာများ ၊ ဝမ်းပျက်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ အာဟာရဓါတ်ချို့တဲ့ခြင်း အခြေအနေများတွင်အသုံးပြုနိုင်ပါသည် ။

Dosage and Administration - သုံးစွဲပုံအညွှန်း :

မွေးကင်းစကလေး : ဝ.၅ ဂရမ် ၃ လမှ တစ်နှစ် : ၁ ဂရမ် ၁ နှစ်မှ ၂ နှစ် : ၁.၅ ဂရမ် တစ်နေ့လျှင် ၄ ကြိမ် ရေ ၊ နို့ ၊ ကလေးအစားအစာ နှင့်တကွ တိုက်နိုင်ပါသည် ။

ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Bacillus subtilis, Streptococcus faecium culture material 37.5 mg
(As the number of live-bacterial) Streptococcus faecium 1.35 x 108
Bacillus Subtilis 0.15 x 108
Ascorbic acid 10 mg
Thiamine hydrochloride 0.5 mg
Riboflavin 0.5 mg
Nicotinamide 2.0 mg
Pyridoxine hydrochloride 0.5 mg
0.1% Cyanocobalamin 1.0 mg (As cyanocobalamin 1mcg)
Calcium Chloride 20 mg (As calcium 2.6 mg)
Zinc Gluconate 50 % 2.5 mg (As Zinc 1.0 mg)

(Warning and Precautions) ကြိုတင်သတိပြုရန်နှင့်သတိပေးချက် :

၁ ။ အောက်ပါအခြေအနေများနှင့် လူနာများအတွက်ဆေးအားအသုံးမပြုပါနှင့် - ဤဆေးသည် လက်တို့စ် ပါဝင်သောကြောင့် လက်တို့စ်လက်မခံနိုင်သော အခြေအနေ ရှိသော မျိုးဗီဇလက္ခဏာရှိသူများ လက်တေ့စ်ချို့တဲ့သူများ သို့မဟုတ် ဂလူးကို့စ်-ဂလက်တို့စ် စုပ်ယူမှုချို့ယွင်းနေသူများ မသောက်သုံးသင့်ပါ ။

၂ ။ အောက်ပါလူနာများတွင် ဆေးအားသတိပြု၍ သုံးစွဲရပါမည် ။

(၁) ဆရာဝန်ထံမှ ဆေးကုသမှုခံနေရသောလူနာများ

၃ ။ ယေဘူယျသတိပေးချက်

(၁) သတ်မှတ်ညွှန်ကြားထားသော ဆေးအချိန်အဆအတိုင်းသာ သောက်ရပါမည် ။

(၂) မွေးကင်းစကလေးငယ်များအား တိုက်ကျွေးလိုပါက မိဘ၏ လမ်းညွှန်မှုနှင့်သာ တိုက်ကျွေးရပါမည် ။

(၃) ၁ လကျော်ပြီးနောက် မသက်သာပါက ဆရာဝန်သို့မဟုတ် ဆေးဝါးပညာရှင်နှင့်တိုင်ပင်ပါ ။

၄ ။ ထားသို ကိုင်တွယ်ရာတွင် သတိထားရမည့်အချက်များ

(၁) ကလေးများနှင့်ဝေးသောနေရာတွင်သာထားပါ

(၂) စိုထိုင်းသောအခြေအနေနှင့် အလင်းရောင်တိုက်ရိုက်ထိသော နေရာတွင်မထားပါနှင့် ၊ အဖုံးကိုတင်းကြပ်စွာ ဖုံးပြီးအေးမြသောနေရာတွင်ထားပါ ။

(၃) ဆေး၏ အရည်အသွေးကို ထိမ်းသိမ်းရန်နှင့် ဆေးမှားယွင်းအသုံးပြုခြင်းမဖြစ်စေရန်အတွက် ဆေးအား တခြား ဆေးဘူးခွံများတွင် ထည့်သွင်းအသုံးပြုခြင်းမပြုရပါ ။

(Storage and Shelf Life) Direction for storage - ထားသိုသိမ်းဆည်းပုံအညွှွန်း :

Air-tight container. Store at room temperature (1-30ºC), 24 months from the date of manufacture လေလုံသောဘူးနှင့်ထားပါ ။ အခန်းအပူချိန် ၁-၃၀ ဒီဂရီစင်တီဂရိတ်အတွင်းထားပါ ။

Cautions - သတိပြုရန်အချက်များ :

၁။ ပေါင်ဒါအမှုန့်အတိုင်းသောက်သုံးမည်ဆိုပါက ပေါင်ဒါကို ရေအနည်းငယ်နှင့် ပျော်အောင်ပြုလုပ်၍ ဖြည်းဖြည်းသောက်ရပါမည် ။

၂ ။ ကလေးငယ်၏ အခြေအနေ အရ ဝမ်းသွားခြင်း ၊ပျို့အန်ခြင်း ၊ ဓါတ်မတည့်ခြင်းစသည့် လက္ခဏာများ ဖြစ်စေနိုင်ပါသည် ။ အကယ်၍ ဖြစ်ပေါ်လာပါက လက္ခဏာများ ပျော်ကသည်အထိစောင့်ပြီး ပေါင်ဒါအနည်းငယ်ကို ပြန်သောက်ရပါမည် ။ အကယ်၍ လက္ခဏမပျောက်သေးပါက ဆေးအချိန်အဆကိုဖြည်းဖြည်းချင်းမြှင့်၍ သောက်ရပါမည် ။

၃ ။ ဤဆေးတွင် များစွာသော ပရိုဘိုင်အိုတစ်နှင့်အာဟာရဓါတ်များပါဝင်ပါသည် ။ ထို့ကြောင့် ဂရုမစိုက်ပဲကွယ်တွယ်ပါက ပိုးမွှားများ နှင့်တခြား ပြင်ပအရာများ ညစ်ပေခြင်းကိုဖြစ်စေနိုင်သည် ။

အောက်ပါတို့ကို သတိပြု၍ လုပ်ဆောင်ရမည် ။ (၁) အသုံးပြုပြီးတိုင်း အဖုံးကို တင်းကြပ်စွာ ပြန်ဖုံး၍ ရေခဲသေတ္တာထဲတွင်သိမ်းဆည်းပါ ။ (၂) ဇွန်းကို ရေနှင့်ဆေးပါ အသုံးပြုပြီးပါက စိုထိုင်းမှုမရှိစေရန်ဖယ်ရှားပါ သန့်ရှင်းသော အနေအထားဖြင့် လုံခြုံသောနေရာတွင်သိမ်းပါ ။