MediBio 45 Billion CFU Probiotic for Kidney Health
- Category: ပရိုဘိုင်ရောတစ်
- UOM: Bot of 30's Capsule
Pacific Nature's MediBio 45 Billion Probiotic for Kidney Health
Pacific Nature's MediBio 45 Billion Probiotic for Kidney Health သည် ကျောက်ကပ်၊ သည်းခြေအိတ်နှင့် အသည်းလုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးရန်အတွက် ကောင်းမွန်သော သက်ဆိုင်ရာ ပရိုဘိုင်အိုတစ် မျိုးကွဲ ၃ မျိုး ရွေးချယ်ပေါင်းစပ်ထားသော ကျောက်ကပ် ကျန်းမာရေးအတွက် ဖြည့်စွက်အားဆေးဖြစ်သည်။ ကျောက်ကပ်ကျန်းမာရေး ကို ထောက်ပံ့ပေးရန်၊ ခန္ဓာကိုယ်၏ သဘာဝအစာခြေလုပ်ငန်းကို ထောက်ပံ့ပေးရန်နှင့် ခန္ဓာကိုယ်အလုံးစုံကျန်းမာရေးကို မြှင့်တင်ရန်အတွက် ခန္ဒာကိုယ်အကျိုးပြု ပရိုဘိုင်အိုတစ်အဏုဇီဝပိုးများနှင့် ဖော်စပ်ထားသည်။ သင့်ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူပြုရန် အကောင်းဆုံး ဖော်စပ်ထားသည်။
ကျောက်ကပ်လုပ်ဆောင်ချက် ကောင်းမွန်အောင် ထောက်ပံ့ပေးရန်၊ ခန္ဓာကိုယ်၏ သဘာဝအစာခြေစနစ် ကောင်းမွန်အောင် ထောက်ပံ့ပေးရန်၊ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးကို မြှင့်တင်ပေးရန် သောက်သုံးနိုင်ပါသည်။
လူကြီးများတွင် ဖြည့်စွက်အားဆေးအနေဖြင့် တစ်ခါသောက် (၁)လုံး တစ်နေ့ (၁)ကြိမ် သောက်နိုင်သည်။ (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင်သည်။
ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။
Streptococcus thermophilus | 28 billion CFU |
Lactobacillus acidophilus | 12 billion CFU |
Bifidobacterium longum | 5 billion CFU |
သတိပြုရန်အချက်များ (Precautions)
ဤဆေးတွင် ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အခြားဆေးဝါးများသောက်သုံးနေရသူများ (သို့မဟုတ်) ကျန်းမာရေးအခြေအနေတစ်ခုခုရှိနေသူများသည် ဤဖြည့်စွက်အားဆေးကို အသုံးမပြုမီ ဆရာဝန် (သို့) ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်သည်။
ဘေးထွက်ဆိုးကျိုးများ (Side Effects)
သတ်မှတ်ထားသော ဆေးအချိန်အဆအတိုင်းသောက်သုံးပါက ထူးခြားသော ဘေးထွက်ဆိုးကျိုးမရှိပါ။ အကယ်၍ ဤဆေးနှင့်ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာရှိပါက ဆရာဝန် (သို့မဟုတ်) ဆေးဝါးပညာရှင်အား အကြောင်းကြားရပါမည်။