Pacific-AA Online Shop | MediBio-S Powder (25's) Detail

MediBio-S Powder (25's)

29,768 Kyats

ယခုစျေးနှုန်းသည် Commercial Tax (5%) ပါဝင်ပြီးဖြစ်ပါသည်။

ကလေးလူကြီးမရွေး ဝမ်းဗိုက်ကျန်းမာရေး MediBio ဆောင်ထားပေး

MediBio-S Powder

• အူလမ်းကြောင်း ပုံမှန်ဖြစ်စေသော ဆေးဖြစ်ပါသည်။

• အစာခြေဖျက်မှုနှင့် အာဟာရဓာတ်များ စုပ်ယူမှုကို အားပေး ကူညီပေးသည်။

• အစာအိမ်နှင့် အူလမ်းကြောင်းရှိ ခန္ဓာကိုယ်ကို အကျိုးပြုသော ဘက်တီးရီးယားများ ဆုံးရှုံးခြင်း၊ အစားအသောက်မှား၍ အော့အန်ခြင်း၊ လေပွခြင်း၊ လေထခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အူလမ်းကြောင်း မူမမှန်ခြင်း စသော အခြေအနေများတွင် အသုံးပြုနိုင်ပါသည် ။

Composition

Each sachet (1g) contains: Bacillus Subtilis……………………………25 million CFU Streptococcus Faecium……………………225 million CFU

Other Ingredients: Ascorbic acid and Maltodextrin

သုံးစွဲပုံအညွှန်း

ကလေးအသက် (၃) လမှ (၃) နှစ်အောက် တစ်ကြိမ်လျှင် (၁) ထုပ် တစ်နေ့လျှင် (၁) ကြိမ်မှ (၂) ကြိမ်။

ကလေးအသက် (၃) နှစ်မှ (၁၂) နှစ်အထိ တစ်ကြိမ်လျှင် (၁) ထုပ်မှ (၂) ထုပ် တစ်နေ့လျှင် (၁) ကြိမ်မှ (၂) ကြိမ်။

လူကြီး တစ်ကြိမ်လျှင် (၂) ထုပ်မှ (၄) ထုပ်တစ်နေ့လျှင် (၁) ကြိမ်မှ (၂) ကြိမ်။ ရေ၊ ဖျော်ရည်၊ နို့၊ ကလေးအစားအစာနှင့်တကွ ဖျော်တိုက်နိုင်ပါသည်။

Bacillus Subtilis 25 million
CFU Streptococcus Faecium 225 million

ထားသိုသိမ်းဆည်းပုံအညွှန်း

၁ ။ ကလေးငယ်များနှင့်ဝေးသောနေရာတွင်ထားပါ ။

၂ ။ အပူနှင့်အလင်းထိတွေ့ခြင်းမှကာကွယ်ပါ ။

၃ ။ ဆေးမှားယွင်းသုံးခြင်းမဖြစ်စေရန်နှင့် ဆေးအာနိသင်ကို ထိမ်းသိမ်းရန် အတွက် အခြားဆေးဘူးနှင့်ပြောင်းမထည့်ပါနှင့် ။

ကြိုတင်သတိပေးချက်

ကိုယ်ဝန်ဆောင်သည် ၊ နို့တိုက်မိခင် (သို့မဟုတ် ) အခြားဆေးသောက်နေရသောလူနာများ ဤဆေးအား မသောက်ခင် ဆရာဝန်နှင့်တိုင်ပင်ပါ ။ ဓါတ်မတည့်ကြောင်းဖော်ပြချက် ဤ ဆေးအား ဓါတ်မတည့်သောလူနာများ မသောက်သုံးသင့်ပါ ။

ဘေးထွက်ဆိုးကျိုး

ထူးခြားသော ဘေးထွက်ဆိုးကျိုးမရှိပါ ။