SARS-COV-2 AG PST NASAL (5 TEST KITS)

SARS-CoV-2 Antigen Self Test Nasal

SARS-CoV-2 Antigen ရှိမရှိ ကိုယ်တိုင်စစ်ဆေးနိုင်သော ကိရိယာ

Packing Size - တစ်ဘူးတွင် Tests Kit (၅) ခုပါဝင်ပါသည်။

SARS-CoV-2 Antigen Self Test Nasal သည် လူ့နှာခေါင်းအတွင်းရှိ nasal samples များတွင် SARS-CoV-2 nucleocapsid antigen များရှိမရှိ စစ်ဆေးသော lateral flow test ဖြစ်ပါသည်။ Covid-19 ကူးစက်ခံသံသယရှိလူများတွင် SARS-CoV-2 Virus ၏ antigens ရှိမရှိစစ်ဆေးရန်အသုံးပြုနိုင်သည် ။ လူနာများအနေဖြင့်မိမိကိုယ်တိုင်စစ်ဆေးနိုင်ရန် ဒီဇိုင်းပြုလုပ်ထားပါသည်။

အသုံးပြုပုံ

၁ ။ စမ်းသပ်စစ်ဆေးခြင်းမပြုလုပ်ခင် လက်ကို ဆပ်ပြာနှင့်စင်ကြယ်စွာ ဆေးပါ ။

၂ ။ ဘူးအတွင်းရှိ အထုပ်ငယ်လေးများတွင်ဖော်ပြထားသော Expiry date ကို သက်တမ်းရှိမရှိစစ်ဆေးပါ ။

၃ ။ Test strip ထည့်ထားသော အထုပ်ကို ဖောက်၍ Test strip ကို ထုတ်ယူပါ ။

၄ ။ ဆေးရည်ထည့်ထားသော Tube ပါဝင်သော အထုပ်ကိုဖောက်၍ Test Tube ကိုထုတ်ယူ၍ အဖုံးကိုခွာ၍ ဖွင့်ပါ ။ Tube အားထောင်ထား၍ ရသော ပူးတွဲပါ Plastic ခွက်အချိုင့်အတွင်းထည့်ပါ ။

၅ ။ နှာခေါင်းတွင်း nasal sample ယူမည့် အတံကိုထုတ်ယူပါ ။ မာသောဖက်သို့လက်နှင့်ကိုင်ရမည်ဖြစ်ပြီး ဂွမ်းကပ်ထားသော တစ်ဖက်သို့လက်နှင့်မထိတွေ့ရပါ ။ အဆိုပါအခြမ်းသည်နှာခေါင်းတွင်း nasal sample ယူရမည့်အပိုင်းဖြစ်သည်။

၆ ။ ဦးခေါင်းကိုနောက်သို့အနည်းငယ်လှန်၍ အဆိုပါ အတံကို ဘယ်နှာခေါင်းတွင်း ၂ စင်တီမီတာခန့်ထည့်၍ ၄ ကြိမ်ခန့် (အနည်းဆုံး ၁၅ စက္ကန့် ) မွှေပါ ။ ညာ နှာခေါင်းအတွင်းသို့လည်းအလားတူပြုလုပ်ပါ ။

၇ ။ Nasal sample ယူထားသော ဖက်ကို ဆေးရည်ထည့်ထားသော Tube ထဲသို့ထည့်ပါ ။ Nasal sample နှင့်ဆေးရည်ရောနှောမှုရှိစေရန် ဆေးရည်ရှိသည့်အောက်ခြေပိုင်းကို Tube အပြင်ဖက်မှ လက်ဖြင့်ဖိ၍ sample ယူသည့်အတံကို ၁၀ ကြိမ်ခန့် လှည့်ပေးပါ ။

၈ ။ အတံကို ပြန်ထုတ်၍ စနစ်တကျစွန့်ပစ်ပါ ။ ဆေးရည် Tube အား Drop ချသည့်အဖုံးဖြင့်လုံအောင်သေချာစွာ တပ်ဆင်ပါ ။

၉ ။ ဆေးရည် ၄ စက်ခန့်အား Test Strip ပြားပေါ်ရှိ ဆေးရည်ချသည့်အပေါက်ငယ်ထဲသို့ ညှစ်ထည့်ပေးပါ ။

၁၀ ။ ၁၅ မိနစ်မှ မိနစ် ၃၀ ထိစောင့်ပြီး အဖြေကို သိရှိနိုင်မည်ဖြစ်ပါသည်။ (၁၅ မိနစ်မတိုင်ခင်နှင့် မိနစ် ၃၀ ကျော်ပြီး အဖြေများသည် မှားယွင်းမှုရှိနိုင်သောကြောင့် ၁၅-၃၀ မိနစ်အတွင်းသာ အဖြေကို ဖတ်ရမည်ဖြစ်သည်။ ) စစ်ဆေးခြင်း ပြီးပါက လက်ကို ဆပ်ပြာနှင့်ပြန်လည်ဆေးကြောပေးရန်လိုအပ်ပြီး အသုံးပြုခဲ့သည့် ကိရိယာများအား စနစ်တကျ စွန့်ပစ်ရန်လိုပါသည်။

အဖြေစစ်ဆေးခြင်း

Control line (C) တွင် မျဉ်းမပေါ်ပါက Invalid (အဖြေမမှန် ) ဟု သတ်မှတ်ပြီး ထပ်မံစစ်ဆေးရန်လိုသည်။

Control line (C) နှင့် test line (T) မျဉ်း ၂ ကြောင်းစလုံးပေါ်ပါက Positive ဟု သတ်မှတ်နိုင်ပြီး သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးဦးစီးဌာနသို့အကြောင်းကြားပြီး စည်းမျဉ်းစည်းကမ်းများအတိုင်းဆက်လက်ဆောင်ရွက်ရပါမည် ။

Control line (C) မျဉ်း ၁ ကြောင်းထဲပေါ်ပါက Negative ဟုတ်သတ်မှတ်နိုင်ပါသည်။ မိမိသည် သံသယဖြစ်ဖွယ်ကူးစက်မှုမျိုးထိတွေ့နိုင်ဖွယ်ရှိပါက နောက်ထပ် ၁-၂ ရက်တွင်ထပ်မံစစ်ဆေးကြည့်ရန်လိုပါသည်။

Key Benefits

• နှာခေါင်းအတွင်းသို့ ၂စင်တီမီတာသာထည့်ရန်လိုပြီး မိမိကိုယ်တိုင်အလွယ်တကူ စစ်ဆေးနိုင်သည်။

• ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဝန်ထမ်းများထံသွားရောက်ရန်မလိုပဲ အချိန်မရွေးနေရာမရွေး လိုအပ်သလိုအသုံးပြုစစ်ဆေးနိုင်သည်။

• ယုံကြည်စိတ်ချရသော အဖြေများကို 15-30 မိနစ်အတွင်း စစ်ဆေးရရှိနိုင်သည်။

• Antigen rapid test ကိုအသုံးပြု၍ လက်တွေ့စမ်းသပ်မှုများအရ specificity ၉၉.၆% နှင် sensitivity ၉၁.၁% ရှိကြောင်းတွေ့ရသည်။

• Roche Diagnostics မှ အရည်အသွေးကောင်းပြီး စိတ်ချရသော product ဖြစ်သည်။

ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။

Test device 5 pcs
Nasal swab 5 pcs
Buffer Tube 5 pcs
Nozzle cap 5 pcs
Buffer tube holder 1 pcs

သတိပြုရန်အချက်များ

- Test kit တစ်ခုအားတစ်ကြိမ်သာအသုံးပြုရမည် ။ - စစ်ဆေးရန် အသင့်ဖြစ်နေချိန်မှသာ ဆေးရည်ထည့်ထားသော ဘူးအားဖွင့်ရပါမည် ။

- Packaging ထုပ်ပိုးသော အိတ်များ ၊ အဖုံးများ ပေါက်နေ ပွင့်နေပါက အသုံးမပြုပါနှင့် ။

- ဤ test kit တွင်ပါဝင်သော ပါဝင်ပစ္စည်းများကိုသာအသုံးပြုပါ ။

- မလုံလောက်သော သို့မဟုတ် မမှန်ကန်သော sample များအသုံးပြုပါက မမှန်ကန်သောအဖြေများကို ဖြစ်ပေါ်စေနိုင်သည်။

- မျက်လုံးနှင့် အရေပြားကို ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ ။ မတော်တဆထိတွေ့မိပါက ရေစင်အောင်ဆေးပြီး ဆရာဝန်နှင့်ပြသပါ ။

- ကလေးငယ်များ နှင့်ဝေးသောနေရာတွင်သာထားပါ ။

- Test kit တွင်ပါဝင်သော ပစ္စည်းများအား မြိုချခြင်း သောက်သုံခြင်းမပြုရ ။

- မိမိ၏အဖြေအား ဆရာဝန်နှင့်ဆက်လက်ပြသ၍ တိုင်ပင်နိုင်ပါသည် ။ မိမိအဖြေသည် Negative ဖြစ်နေသော်လည်း Covid-19 ကာကွယ်နည်းများအတိုင်းဆက်လက်လုပ်ဆောင်ရန်လိုသည်။

- အသုံးပြုပြီးသော ပစ္စည်းများကို စနစ်တကျပြန်လည်စွန့်ပစ်ရန်လိုပါသည်။

ထားသိုသိမ်းဆည်းပုံအညွှန်း

Test Kit အား 2-30°C/ 36-86°F အတွင်း ထားသိုသိမ်းဆည်းရမည် ။ နေရောင်နှင့်တိုက်ရိုက်ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ ။ Test Kit ကို အေးခဲခြင်းမပြုရ ။